အာဏာရှင်စစ်တပ်နှင့်တွေ့ဆုံညှိနှိုင်းခြင်းမှ တဆင့် နိုင်ငံရေးအဖြေရှာခြင်းမှာ အလုပ်မဖြစ်တော့ သဖြင့် ကိုယ့်ရေမြေကို ကိုယ်ပိုင်ကာကွယ်ကြရန် သံလွင်ငြိမ်းချမ်းရေးဥယျာဥ် အဖွဲ့က ဆုံးဖြတ်တိုက်တွန်းလိုက်ကြောင်း အဆိုပါအဖွဲ့က တရားဝင် ကြေညာသည်။
ဒီဇင်ဘာလ ၁၇ ရက်နေ့မှ ဒီဇင်ဘာလ ၁၉ ရက်နေ့အထိ ကရင်ပြည်နယ်၊ သံလွင်ငြိမ်းချမ်းရေး ဥယျာဉ်တောအုပ် တနေရာ၌ ဆဋ္ဌမအကြိမ်မြောက် သံလွင်ငြိမ်းချမ်းရေးဥယျာဥ် အထွေထွေညီလာခံ ကျင်းပခဲ့ပြီး ယင်းညီလာခံက အထက်ပါ အတိုင်း တိုက်တွန်းလိုက်ခြင်းဖြစ်ကြောင်း သိရသည်။
မြန်မာအာဏာရှင်စစ်တပ်သည် ၎င်းတို့လက်လွတ်ဆုံးရှုံးလိုက်ရသည့်နယ်မြေများကိုတော်လှန်ရေး အဖွဲ့များထံမှ ပြန် လည်သိမ်းယူနိုင်ရန်အတွက် ပြည်သူ့အသက်ကိုပဓာနမထားသည့် လေကြောင်း တိုက်ခိုက်မှုများနှင့် ဖမ်းဆီးသတ်ဖြတ် မှုများကို ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း၊ ထို့အပြင် ၎င်းတို့၏ အတုအယောင်ရွေးကောက်ပွဲကို ပြုလုပ်နိုင်ရန် တစ်ဖက်သတ်တွန်းအား ပေးလျက်ရှိ ကြောင်း အသိပေးထားသည်။
ထို့ကြောင့် မြန်မာအာဏာရှင်စစ်တပ်နှင့် တွေ့ဆုံဆွေးနွေးညှိနှိုင်းခြင်းမှ တဆင့် နိုင်ငံရေးအဖြေ ရှာခြင်းသည် အလုပ်မဖြစ်တော့ဘဲ “သုံးစွဲပါ၊ ထိန်းသိမ်းပါ” (eat and care for) ဟူသောရိုးရာ ယဉ် ကျေးမှု သွန်သင်ဆုံးမချက်နှင့်အညီ ဒေသခံဌာနေလူမျိုးစုတို့က မြစ်ချောင်းအင်းအိုင်၊ မြေယာများနှင့် သစ်တောများကို ကာကွယ်ထိန်းသိမ်းကြရန် လိုအပ်ကြောင်း၊ ထိုသို့ လုပ်ကိုင်ခြင်းသည့် ကိုယ်ပိုင် ပြဌာန်းခွင့်ကို လက်တွေ့အသက်ဝင်စေသော ဥယျာဥ်တစ်ခုအဖြစ် ဆက်လက်ရပ်တည် လျက်ရှိ ကြောင်း သံလွင်ငြိမ်ချမ်းရေး ဥယျာဉ်အဖွဲ့က ဆက်လက်၍ အသိပေးထားသည်။
“ကျနော်တို့ရဲ့ အခွင့်အရေးတွေကို နေပြည်တော်မှာတောင်းဆိုတာထက် ကျွန်တော်တို့ရဲ့ ဘိုးဘွား နယ်မြေဒေသပေါ်မှာ ကျနော်တို့ရဲ့ကိုယ်ပိုင်ပြဌာန်းခွင့်ကို လက်တွေ့ကျင်သုံးခြင်းဖြစ်ပါတယ်” ဟု သံလွင်ငြိမ်းချမ်းရေးဥယျာဥ်၏ အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ စောဖေါလ်စိန်ထွားက ပြောဆို သည်။
သံလွင်ငြိမ်းချမ်းရေး ဥယျာဉ်အဖွဲ့သည် ကရင်တစ်မျိုးသားလုံး၏ ကိုယ်ပိုင်ပြဌာန်းခွင့်အတွက် တိုက်ပွဲ ဝင် နေသည့် KNU ၏ လှုပ်ရှား မှုအပေါ် တိုက်ရိုက်အကျိူးပြုပေးနေခြင်းဖြစ်ပြီး ငြိမ်းချမ်းရေး၊ ကိုယ်ပိုင်ပြ ဌာန်း ခွင့်နှင့် သဘာဝပတ် ဝန်းကျင် တည်တံ့ခိုင်မြဲရေးအတွက် ရည်ရွယ်ကာ လုပ်ဆောင် နေ ခြင်းဖြစ်ကြောင်း သိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar








