ဒီကနေ့ ဒီဇင်ဘာ ၂၂ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုဖြစ်စဉ်ဟာ ၅ နှစ်နီးပါး ကြာမြင့်လာပြီဖြစ်ပေမယ့် CDM ဝင်ခဲ့ကြတဲ့ ပညာရေးဝန်ထမ်းတွေကြောင့် နိုင်ငံမှာ ပညာရေးဝန်ထမ်းလိုအပ်ချက်တွေ ဆက်လက် ဖြစ်ပေါ်နေဆဲဖြစ်တယ်ဆိုပြီး အကြမ်းဖက် မင်းအောင်လှိုင်ကိုယ်တိုင် အပြစ်တင်ပြောဆိုသယောင်နဲ့ ဝန်ခံပြောဆိုသွားပါတယ်။
- စစ်ကိုင်းတိုင်းက ယင်းမာပင်မြို့နယ်အတွင်း အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို တော်လှန်ရေး ပူးပေါင်းတပ်တွေက ကြားဖြတ် တိုက်ခိုက်ခြေမှုန်းမှုအတွင်း စစ်တပ်ဘက်က တပ်သား ၉ ဦးကတော့ အသီးသီးသေကုန်ကြတဲ့အပြင် ၊ စစ်သားအလာင်းတွေပါ ရရှိထားတယ်လို့ ယင်းမာပင် PDF ဗျူဟာ ၄၇ တပ်ဖွဲ့ရဲ့ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
- အကြမ်းဖက် စစ်တပ်က တရုတ်နိုင်ငံအကူညီနဲ့ ပြည်လည်ဝင်ရောက်ထိန်းချုပ်ခွင့်ရထားတဲ့ ရှမ်းပြည် မြောက်ပိုင်းက လားရှို့မြို့ပေါ်မှာ ဗုံးပေါက်ကွဲမှု ၃ ကြိမ် ဖြစ်ပွားခဲ့တဲ့ သတင်းအပါအဝင် နောက်ဆုံးရ သတင်းတွေကို တင်ဆက်ပေးပါမယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar




