အကြမ်းဖက်စစ်တပ်အတုအယောင်ရွေးကောက်ပွဲဆန့်ကျင်ကြောင်း လှုပ်ရှားမှုကို ကရင်နီပြည်လူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်ဦး(ကလလတ)၊ ရှမ်း-ကယားစစ်တိုင်း တပ်ရင်းအမှတ်(၁၁၀၉)၊ ပြည်သူ့ကာကွယ်ရေးတပ် ဒီးမော့ဆိုမြို့နယ်(DMO Local PDF)၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) နှင့် ကယန်းအမျိုးသားတပ်မတော် (KNA) တို့က ပြုလုပ်ခဲ့ကြခြင်း ဖြစ်ကြောင်း၊ အဆိုပါလှုပ်ရှားမှုတွင် သက်ဆိုင်ရာ တပ်ရင်းတာဝန်ခံများမှ ရွေးကောက်ပွဲဆန့်ကျင်ကြောင်း ပြောကြားခြင်း၊ ကြွေးကြော်သံများ ဟစ်ကြွေးခြင်း၊ လှုပ်ရှားမှုပုံရိပ်နှင့် သရုပ်ပြမှတ်တမ်းဓာတ်ပုံ ရိုက်ကူးခြင်းများပြုလုပ်ခဲ့ကြောင်း သိရှိရသည်။။
ပြည်သူများအနေဖြင့်လည်း အကြမ်းဖက်စစ်တပ်ပြုလုပ်သည့် အတုအယောင်ရွေးကောက်ပွဲကို ရရာနည်းမျိုးစုံဖြင့်ဆန့်ကျင်ကြရန်တိုက်တွန်းထားပြီး အတုအယောင် ရွေးကောက်ပွဲနှင့် ပတ်သက်သမျှအကြောင်းအရာ ပတ်သက်သူမှန်သမျှကိုလည်း လူထုသစ္စာဖောက်အဖြစ် သတ်မှတ်ကြောင်း ကရင်နီပြည် ပြည်သူ့လွတ်မြောက်ရေးတပ်မတော်၊ ဗဟိုစစ်ဦးစီးတပ်၊ အမှတ် ၆၂၆ တပ်ရင်းအနေဖြင့် ပြင်းပြင်းထန်ထန် ဆန့်ကျင်ကန့်ကွက်သွားမည်ဟု ထုတ်ပြန်ထားသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar











