ချင်းပြည်နယ်၊ ဟားခါးမြို့နယ်အတွင်း၌ စစ်တပ်၏ အတုအယောင်ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ် ပြိုင်သည့် ပုဂ္ဂိုလ်များနှင့် ပါတီပိုင် ပစ္စည်းများကို ချိတ်ပိတ်လိုက်ကြောင်း CDF-Hakha Central Council က ယနေ့ ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် ထုတ်ပြန်သည်။
စစ်တပ်က ပြုလုပ်မည့် ရွေးကောက်သည် လွတ်လပ်၍ တရားမျှတ မှုကင်းမဲ့သည့် အတုအယောင် ရွေးကောက်ပွဲအဖြစ် ချင်းပြည်ကောင်စီက ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၆ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန် ကြေညာခဲ့ကြောင်း၊ အကြမ်းဖက်စစ်ကော်မရှင်၏ အတု အယောင် ရွေးကောက်ပွဲ ဆန့်ကျင်တားဆီးရေးနှင့် ပြည်သူ့အခွင့်အရေးဆိုင်ရာ လုပ်ထုံးလုပ် နည်း ဥပဒေကို ပြဌာန်းခဲ့ပြီးဖြစ်ကြောင်း အသိပေးထား သည်။
ထို့ကြောင့် ချင်းလဲန်းကောင်စီက တရားဝင်ပြဌာန်းခဲ့သည့် အထက်ပါလုပ်ထုံးလုပ်နည်းများအရ ဒေသ အုပ်ချုပ်ရေးအဖွဲ့ကို တာ ဝန်အပ်နှင်းခြင်းဖြစ်၍ အကြမ်းဖက်စစ်ကော်မရှင်၏ အတုအယောင်ရွေး ကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်သော ပုဂ္ဂိုလ်များနှင့် နိုင်ငံရေးပါတီများ အား အကြမ်းဖက်စစ် ကော်မရှင်၏ အတုအယောင် ရွေးကောက်ပွဲ ဆန့်ကျင်တားဆီးရေးနှင့် ပြည်သူ့အခွင့် အရေးဆိုင်ရာ လုပ်ထုံးလုပ်နည်း ဥပဒေ အခန်း ၄ ၊ ပုဒ်မ ၁၆ အရ ၎င်းတို့၏ ဟားခါးမြို့နယ်အတွင်းရှိ ပိုင်ဆိုင်မှု အားလုံးကို CDF-Hakha Central Council မှ ပြည်သူပိုင် သိမ်းဆည်းလိုက်ကြောင်း သိရှိရသည။
ပြည်သူများအနေဖြင့် အကြမ်းဖက်စစ်ကော်မရှင်၏ အတုအယောင် ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်သော ပုဂ္ဂိုလ်များနှင့် နိုင်ငံရေးပါတီများ၏ ဟားခါးမြို့နယ်အတွင်းရှိ ပိုင်ဆိုင်မှု များကို လွှဲပြောင်းခြင်း ၊ ဝယ်ယူခြင်းမပြုလုပ်ကြပါရန် အသိပေးထား သည်။
အကြမ်းဖက်စစ်ကော်မရှင်သည် အပြစ်မဲ့ အရပ်သားပြည်သူများအား သတ်ဖြတ်ခြင်း၊ ပြည် သူ့အိုး အိမ်စည်းစိမ်များ၊ စာသင် ကျောင်းများ၊ ဆေးရုံများ၊ ဘုရားကျောင်းများနှင့် ဘုန်းကြီးကျောင်းများအား မီးရှို့ခြင်းနှင့် လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းများကို တစ်နိုင်ငံ လုံးအတိုင်းအတာဖြင့် နေ့စဉ်ပြု လုပ်ကာ ၎င်း၏ ရက်စက်ကြမ်းကြုတ်မှုကို ဖုံးကွယ်ရန်နှင့် အာဏာတည်မြဲရေးအတွက် ရွေးကောက် ပွဲကို ကျင်းပခြင်းဖြစ်ကြောင်း ထောက်ပြထားသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar




