21 C
Yangon

လောင်းလုံးမြို့နယ်၊ ကျောက်နီမော်ကျေးရွာ မိုင်ခရိုဝိတ်တောင်ပေါ်ရှိ စစ်တပ် အထိုင်စခန်းကို ဝင်ရောက်တိုက်ခိုက်မှု စစ်တပ်ဘက်မှ ဒုတပ်ကြပ် ၁ ဦး အပါအဝင် ၃ ဦးသေဆုံး

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၂၄

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ ကျောက်နီမော်ကျေးရွာ မိုင်ခရိုဝိတ်တောင်ပေါ်ရှိ အကြမ်းဖက် စစ်တပ် အထိုင်စခန်းကို ဝင်ရောက် တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ဒုတပ်ကြပ် ၁ ဦး အပါအဝင် ၃ ဦးသေဆုံးခဲ့ကြောင်း Steel Butterfly Force မှ အဖွဲ့တာဝန်ခံ ကိုငွေပုက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

ဒီဇင်ဘာလ ၂၃ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် လောင်းလုံးမြို့နယ်၊ ကျောက်နီမော်ကျေးရွာ မိုင်ခရိုဝိတ် တောင်ပေါ်ရှိ အကြမ်းဖက် စစ်တပ် အထိုင်ချ တပ်စွဲ ထားသော စခန်းကို လောင်းလုံးသံမဏိလိပ်ပြာတပ်ဖွဲ့မှ ရဲဘော်များက ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

ထိုထိတွေ့ တိုက်ပွဲသည် မိနစ် ၂ဝ ခန့် ကြာမြင့်ခဲ့ပြီး အကြမ်းဖက် စစ်ဘက်မှ ဒုတပ်ကြပ် ၁ ဦး အပါအဝင် ၃ ဦးသေဆုံးကာ ၄ ဦး ပြင်းထန် ဒဏ်ရာရရှိခဲ့ကြောင်း၊ တိုက်ခိုက်မှု ပြုလုပ်ပြီးနောက် တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရသည်။

“လောင်းလုံးမြို့နယ်၊ ကျောက်နီမော်ကျေးရွာ မိုင်ခရိုဝိတ် တောင်ပေါ်မှာ စစ်ခွေးတွေက အထိုင်ချ တပ်စွဲထားတာပါ။ ကြာပါပြီ ဟိုအရင်ကတည်းက တပ်စွဲထားတာ အဲ့စခန်းမှာက စစ်ခွေး အင်အား ၁၅ ဦးလောက်တော့ရှိတယ်။ ခန့်မှန်းအင်အားပေါ့။ ထင်သလောက် အောင်မြင်မှုမရလို့ ကျေနပ်အားရမှုတော့ နည်းတယ်။ ဒီတိုက်ခိုက်မှုမှာလောင်းလုံးသံမဏိလိပ်ပြာတပ်ဖွဲ့ တစ်ဖွဲ့တည်း တိုက်ခိုက်ခဲ့တာပါ” ဟု Steel Butterfly Force မှ အဖွဲ့တာဝန်ခံ ကိုငွေပုက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို လောင်းလုံးသံမဏိလိပ်ပြာတပ်ဖွဲ့ မှ ရဲဘော်များက လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ပြည်သူများအနေဖြင့်လည်း တနိုင်ငံလုံးအတိုင်းတာ စစ်ရေးများ အရှိန်ဟုန်တိုးမြင့်စွာ ဆောင်ရွက်နေသည့် အချိန်ဖြစ်သောကြောင့် စစ်ရေးအထူးသတိ ၊ သတိပြုသွားလာ နေထိုင်ကြရန် Steel Butterfly Force အဖွဲ့က အသိပေးနှိုးဆော်ထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article