25 C
Yangon

ငဖဲမြို့နယ်တွင် စစ်မှုထမ်း တပ်သား ၃ ဦး လက်နက်များ ယူဆောင်လာပြီး အလင်းဝင်

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၂၄

မကွေးတိုင်း၊ ငဖဲမြို့နယ်၊ နတ်ရေကန် လေကြောင်းရန် ကာကွယ်ရေးတပ်စခန်းအနီးရှိ ရှေ့တန်းစစ်မြေပြင်မှ စစ်မှုထမ်း တပ်သား ၃ ဦး ထွက်ပြေးလာပြီး အလင်းဝင်ရောက်ခဲ့ကြောင်း ချင်းကာကွယ်ရေးတပ် – အရှို မှ သတင်းနှင့်ပြန်ကြားရေး တာဝန်ရှိသူ ဆလိုင်းရိုချင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဒီဇင်ဘာလ ၁၄ ရက်နေ့နှင့် ၁၉ ရက်နေ့တို့တွင် ငဖဲမြို့နယ်၊ နတ်ရေကန် လမ်းဟောင်း ပဇီကျေးရွာအနီး ရှေ့တန်းစစ်မြေပြင်၌ တိုက်ခိုက်လိုစိတ်မရှိသော စစ်မှုထမ်း တပ်သား ၃ ဦးသည် ချင်းကာကွယ် ရေးတပ် – အရှို (CDF – Asho) ထံသို့ ဆက်သွယ်ကာ လက်နက်ခဲယမ်းများနှင့် အတူ အလင်းဝင်ရောက်လာခဲ့ကြောင်း သိရသည်။

“စစ်မှုထမ်းတပ်သားတွေက တိုက်ခိုက်စိတ်မရှိတော့ဘူး။ နေ့စဉ်နဲ့အမျှ ထွက်ပြေးဖို့ ကြိုးစားနေကြတယ်။ ဒီနေ့လည်း တစ်ယောက်ထွက်ပြေးလာတယ်လို့ သတင်းရတယ်။ အခုအလင်းဝင်လာတဲ့ ၃ ယောက်ကိုတော့ လုံခြုံတဲ့စခန်းတနေရာကို ပို့ထားပါတယ်။ သူတို့မိသားစုနဲ့ဆက်သွယ်ပြီး သူတို့ ပြန်လို့ရရင် ပြန်ပို့ဖို့ လမ်းကြောင်း စီစဉ်ပါ့မယ်” ဟု ချင်းကာကွယ်ရေးတပ် – အရှို မှ သတင်းနှင့် ပြန်ကြားရေး တာဝန်ရှိသူ ဆလိုင်းရိုချင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အကြမ်းဖက် စစ်တပ်သည် စစ်မှုမထမ်းမနေရ ဥပဒေကို ခုတုံးလုပ်ကာ မြန်မာနိုင်ငံအနှံ့မှ လူငယ်များကို တပ်သားသစ် စုဆောင်းပြီး တိုက်ပွဲများဖြစ်ပွားနေသည့် ရှေ့တန်းစစ်မြေပြင်များသို့ ပို့ ဆောင်ကာ စစ်အင်အားဖြည့်တင်း၍ စစ်အာဏာရှင်စနစ် သက်ဆိုးရှည်ရေးအတွက် လုပ်ဆောင်နေ ကြောင်း ၊ ထိုသို့ စုဆောင်းထားသည့် စစ်မှုထမ်းတပ်သားများကိုလည်း ရှေ့တန်းစစ်မြေပြင်၌ အထက် တပ်မှူးများက အနိုင်ကျင့် ညှဉ်းပန်းနှိပ်စက်ခြင်းတို့လည်း လုပ်ဆောင်နေကြောင်း သိရသည်။

ထို့ကြောင့် အကြမ်းဖက် စစ်တပ်တွင် အတင်းအဓမ္မ စစ်သားစုဆောင်းခြင်းခံရပြီး အမျိုးမျိုး ညှဉ်းပန်းနှိပ်စက်ခြင်းကို ခံနေရသော ငဖဲမြို့နယ် နတ်ရေကန်စခန်းအနီး စစ်မြေပြင်မှ လူငယ်များအနေဖြင့် ချင်းကာကွယ်ရေးတပ် – အရှိုထံသို့ ဘက်ပြောင်းလိုပါက အချိန်မရွေး ဘက်ပြောင်းလာနိုင်ကြောင်း၊ ထိုသို့ဘက်ပြောင်း အလင်းဝင် လာသူတိုင်း၏ အသက်နှင့်လုံခြုံမှု ရရှိစေရေး ကို အာမခံကြောင်း ချင်းကာကွယ်ရေးတပ် – အရှိုက အသိပေး ပြောဆိုထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article