ယမန်နေ့ ရန်ကုန်တွင် ရောက်ရှိနေသော မင်းအောင်လှိုင်က သားဖြစ်သူ အောင်ပြည့်စုံ ဦးဆောင်ပါဝင်နေသည့် Prime စွမ်းအင်ကုမ္ပဏီက အများဆုံးရင်းနှီးမြှုပ်နှံထားသော အမှတ် ၁ သန်လျင်ရေနံချက်စက်ရုံကို သွားရောက် စစ်ဆေးခဲ့ခြင်းဖြစ်သည်။
မင်းအောင်လှိုင်၏ သားဖြစ်သူ အောင်ပြည့်စုံက အမှတ် ၁ သန်လျင်ရေနံချက်စက်ရုံ ပထမအဆင့် အဆင့်မြှင့်တင်ခြင်းစီမံကိန်းနှင့် ဒုတိယအဆင့် စက်ရုံသစ်တည်ဆောက်မှု စီမံကိန်း ၂ ခုစလုံးတွင် ၆၀ ရာခိုင်နှုန်းကျော် ရင်းနှီးမြှုပ်နှံလုပ်ကိုင်ခွင့်ရရှိထားခြင်းဖြစ်သည်။
အမှတ် ၁ သန်လျင် ရေနံချက်စက်ရုံ ပြန်လည် လည်ပတ်ရေးနှင့် စက်ရုံသစ်စီမံကိန်းအတွက် မင်းအောင်လှိုင်၏သားဖြစ်သူ အောင်ပြည့်စုံ၊ သမ္မတဟောင်း သိန်းစိန်သမီး ၁ ဦး ရှယ်ယာပါဝင်နေသော Myan Oil ကုမ္ပဏီနှင့် Heyday ကုမ္ပဏီတို့က လုပ်ပိုင်ခွင့်ရရှိထားကြခြင်းဖြစ်သည်။
စွမ်းအင်ဝန်ကြီးဌာနသည် စက်သုံးဆီလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် အမှတ် ၁ ရေနံချက်စက်ရုံ(သန်လျင်)ကို စက်ရုံအသစ်အဖြစ် ပြန်လည် ပြုပြင်ပြီး ပထမအဆင့်အနေဖြင့် တစ်နှစ်လျှင်ရေနံစိမ်းတန်ချိန် ငါးသိန်းချက်လုပ်နိုင်သော Modular Type စက်ရုံအဖြစ် ပြောင်းလဲလျက်ရှိကြောင်း၊ ဒုတိယအဆင့်အနေဖြင့် ၁ နှစ်လျှင် ရေနံစိမ်း တန်ချိန် ၃ သန်း ချက်လုပ်နိုင်သော ရေနံချက်စက်ရုံအသစ်အဖြစ် တည်ဆောက်နေခြင်းဖြစသ်ည်။
အဆိုပါ စီမံကိန်းများအတွက် အောင်ပြည့်စုံ ဦးဆောင်သော ပါဝင်နေသော Prime စွမ်းအင်ကုမ္ပဏီ၊ သမ္မတဟောင်း သိန်းစိန်သမီး ၁ ဦး ရှယ်ယာပါဝင်နေသော Myan Oil ကုမ္ပဏီနှင့် Heyday ကုမ္ပဏီတို့က လုပ်ပိုင်ခွင့်ရရှိထားခြင်းဖြစ်ကြောင်း သိရှိရသည်။
မင်းအောင်လှိုင်က ကာလရှည်ကြာအောင် ရပ်နားထားသော အမှတ် ၁ ရေနံချက်စက်ရုံ (သန် လျင်)ကိုပြန်လည် လည်ပတ်ရန် အမိန့်ပေးခဲ့ပြီးနောက် မင်းအောင်လှိုင်၏သားဖြစ်သူ အောင်ပြည့်စုံ အပါအဝင် ကုမ္ပဏီများက လုပ်ပိုင်ခွင့်များ အသီးသီး ရရှိခဲ့ခြင်းဖြစ်သည်။
၂၀၁၇ ခုနှစ်တွင် ရပ်နားခဲ့သော သန်လျင်ရေနံချက်စက်ရုံကို မင်းအောင်လှိုင်က ပြန်လည် စတင်ခိုင်းခြင်းဖြစ်ပြီး စက်သုံးဆီများ ပြည်ပမှ တင်သွင်းရာတွင် ကုန်ကျစရိတ်များနေ၍ ပြည်တွင်းတွင် ရေနံစိမ်းချက်လုပ်ကာ စက်သုံးဆီများ ထုတ်လုပ်နိုင်ရန်ဟုဆိုကာ စက်ရုံကို ပြန်လည် လည်ပတ်ရန် ကြိုးစားနေခြင်းဖြစ်သည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar




