စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်တွင် စစ်တပ်က Gyrocopter ၃ စီးဖြင့် ဗုံးကျဲမှု အမျိုးသမီး ၁ ဦးသေဆုံးပြီး ၁ ဦးဒဏ်ရာရရှိကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယမန်နေ့ ဒီဇင်ဘာလ ၂၄ ရက်နေ့ မွန်းလွဲ ၂ နာရီ ၅၀ မိနစ်အချိန် ဘုတလင်မြို့နယ်၊ ကင်းစမ်းလမ်းဆုံသို့ စစ်တပ်က Gyrocopter ၃ စီးဖြင့် ဗုံးကျဲချခဲ့ကြောင်း၊ ထိုသို့ ဗုံးကျဲမှုကြောင့် လမ်းဘေးတွင် ကွမ်းယာရောင်းနေသည့် အမျိုးသမီး ၁ ဦးသေဆုံးပြီး အခြားအမျိုးသား ၁ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
“Gyrocopter ၃ စီးနဲ့ ဗုံး ၃လုံးကျဲချသွားတာ။လမ်းဆုံမှာ ကွမ်းယာ ရောင်းချ နေတဲ့ နေရာကို ကျဲချတာ။ တိုက်ပွဲဖြစ်တာမရှိဘဲ အကြောင်းမဲ့ ဗုံးကျဲချတာ။ ကွမ်းယာရောင်းတဲ့ လင် မယား ၂ ဦးမှာ မိန်းမဖြစ်သူက တော့ နေရာတင် သေဆုံးတာ။ အမျိုးသားကလည်း ဒဏ်ရာပြင်းထန်တယ်။ နမခကတက်လာတဲ့ Gyrocopter ၃စီးနဲ့ ဗုံးကျဲချတာ” ဟု ဒေသ ပြည်သူတစ်ဦးက ရှင်းပြသည်။
စစ်တပ်၏ လေကြောင်းဖြင့် ဗုံးကျဲမှုအတွက် ထိခိုက်သေဆုံးသွားသောကွမ်းယာသည် ဇနီးမောင်နှံမှာ အုပ်ဖိုရွာမှ ဖြစ်ပြီး ဘုတလင်-ရေဦးလမ်း၊ကင်းစမ်းရွာသွားလမ်းဆုံတွင် စျေးရောင်းနေသည့် အရပ်သားပြည်သူများဖြစ်ကြောင်း သိရှိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar




