23 C
Yangon

မိုးကုတ်မြို့တွင်းရှိ စစ်တပ်စခန်းနေရာများကို တော်လှန်ရေးတပ်ဖွဲ့များက ထိုးစစ်ဆင်တိုက် ခိုက်နေ

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၂၅

မိုးကုတ်မြို့တွင်းရှိ အကြမ်းဖက်စစ်တပ်စခန်းများကို တော်လှန်ရေးတပ်ဖွဲ့များက ထိုးစစ်ဆင်တိုက် ခိုက်နေပြီး လက်နက်ကြီး၊ ဒရုန်းပစ်ခတ်သံများကြားနေရကြောင်း တော်လှန် ရေး စစ်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့ ဒီဇင်ဘာလ ၂၅ ရက် နံနက် ၈ နာရီ ၃၀ မိနစ်ခန့်စ၍ မိုးကုတ်မြို့အနောက်ပိုင်းရှိ ပင့် ကူ တောင်၊ မိုးကုတ်မြို့အရှေ့ပိုင်းရှိ မစိုးရိမ်ဘုန်းကြီးကျောင်းနှင့် အောင်မြေကျောင်းတို့၌ တပ်စွဲ ထား သော အကြမ်းဖက်စစ်သားများကို တော်လှန်ရေးတပ်ဖွဲ့များက ရှော့တိုက်ဒရုန်း၊ ဒရုန်းဗုံးများဖြင့် တိုက်ခိုက်လျက်ရှိပြီး နံနက် ၁၁ နာရီကျော်အထိ အပြန်အလှန်ပစ်ခတ် တိုက်ပွဲဖြစ်ခဲ့ကြောင်း သိရသည်။

အလားတူ ယမန်နေ့ ဒီဇင်ဘာလ ၂၄ ရက် ညပိုင်းကလည်း မိုးကုတ်မြို့အရှေ့ပိုင်းရှိ အောင် မြေ ကျောင်းတိုက်၌ တပ်စွဲထားသော စစ်သားများကို တော်လှန်ရေးတပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးသီး ၈ လုံး ကျဲချ တိုက်ခိုက်ခဲ့သည့်အပြင် မိုးကုတ်မြို့အနောက်ပိုင်းရှိ ကသဲတောင် ကုန်းရှိ ပညာရင်ခွင် ကိုယ်ပိုင် ကျောင်း၌ တပ်စွဲထားသော စစ်သားများကိုလည်း ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှုရှိခဲ့ကြောင်း သိရသည်။

ထို့အပြင် ရေအေးကျေးရွာဘက်နှင့် ကျောက်ပြဿဒ်တွင်လည်း တိုက်ပွဲဖြစ်ခဲ့ပြီး မင်းတံ တားဘက်၌ လည်း လက်နက်အပြည့်အစုံကိုင်ဆောင်ထားသည့် စစ်သားအပြည့်ပါသော စစ်ကားတစ်စီးဖြင့် သွား လာနေကြောင်း သိရသည်။

“မိုးကုတ်အနောက်ပိုင်းက ပင့်ကူတောင်၊ အရှေ့ပိုင်းက မစိုးရိမ်ဘုန်းကြီးကျောင်းနဲ့ အောင် မြေ ကျောင်းမှာ တပ်စွဲထားတဲ့ စခတွေကို ရှော့တိုက်ဒုံး၊ ဒရုန်းဗုံးတွေနဲ့ကျဲချတိုက်ခိုက်တာ၊ မနေ့ညက လည်း အဲဒီနေရာမှာပဲ ၈ လုံးချသေးတယ်။ အနောက်ပိုင်းက ရေအေးရွာဘက်နဲ့ ကျောက်ပြဿဒ် ဘက်မှာလည်း တိုက်ပွဲဖြစ်တယ်။ ကသဲတောင်ကုန်း ပညာရင်ခွင် ကိုယ်ပိုင်ကျောင်းနားမှာလည်း ဒရုန်းနဲ့ချတယ်၊ ထိခိုက်ပျက်စီးမှုတွေကတော့ မသိရသေးဘူး” ဟု ဒေသစစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဒီဇင်ဘာလ ၇ ရက်နေ့မှ ဒီဇင်ဘာလ ၂၄ ရက်နေ့ကာလအတွင်း မိုးကုတ်မြို့နယ်၌ အမျိုး သားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် နှင့် အကြမ်းဖက်စကမ စစ်တပ်ကြားတို့ တိုက်ပွဲကြီး ၆ ကြိမ် နှင့် ထိတွေ့ တိုက်ပွဲငယ် ၉ ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်သား ၁၈ ဦး သေဆုံးကာ ၃ ဦး ကို အရှင်ဖမ်ဆီးနိုင်ခဲ့ကာ စစ်တပ် ခြေကုတ်ယူထားသော ကျေးရွာ ၁ ရွာနှင့် စိုးမိုးကုန်း ၁ ခုကို ထပ်မံ သိမ်းပိုက်ရရှိခဲ့သည်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မ တော်၊ ပြည်သူ့ ကာကွယ်ရေးအဖွဲ့များ (ပကဖ) အနေဖြင့် ပြည်သူလူထုနှင့်အတူ လက်တွဲလျက် မိုးကုတ်မြို့နယ် နှင့် မိုးမိတ်မြို့နယ်အတွင်းသို့ ကျူးကျော်ဝင်ရောက်လာသော အကြမ်း ဖက်စစ်အုပ်စု၏ အုပ်ချုပ်မှု၊ ကွပ် ကဲ မှု၊ ထောက်ပံ့မှု ရပ်ဝန်းများအား အထူးစစ်ဆင် ရေးများ ဖော် ဆောင်၍ အဆက်မပြတ် ထိုးနှက် တိုက်ခိုက်လျက်ရှိရာ စစ်အုပ်စုဘက်မှ ထိခိုက်သေဆုံးမှုများလည်း ရှိကြောင်း NUG အစိုးရ ကာ ကွယ်ရေးဝန်ကြီးဌာနက ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article