ဒီကနေ့ ဒီဇင်ဘာ ၂၅ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- ကချင်ပြည်နယ်မှာရှိတဲ့ အကြမ်းဖက် စစ်တပ်ရဲ့ မြစ်ကြီးနားလေတပ်စခန်းဌာနချုပ်ကို KIA က ဒီကနေ့ မနက်ပိုင်းမှာပဲ ပစ်ခတ်တိုက်ခိုက်မှုအတွင်း စစ်တပ်ဘက်က ရဟတ်ယာဉ် ၁ စီးနဲ့ တိုက်လေယာဉ် ၁ စီး ထိမှန်ပျက်စီးသွးပြီး တစ်ဖက်က ဗန်းမော်မြို့သိမ်းတိုက်ပွဲကိုပါ KIA ထိုးစစ်အားလုံးပြန်လည်စတင် နေပြီလို့ KIA စစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
- အကြမ်းဖက် စစ်တပ်က သူတို့ရဲ့ မြစ်ကြီးနားလေတပ်စခန်းဌာနချုပ် တိုက်ခိုက်ခံရမှုကို လက်တုံ့ပြန်တဲ့ အနေနဲ့ KIO ဌာနချုပ် လိုင်ဇာကို အသေခံဒရုန်းနဲ့ လေကြောင်း တိုက်ခိုက်မှု လုပ်ဆောင်လာတယ်လို့ KIA စစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ထပ်မံပြောဆိုထားပါတယ်။
- မကွေးတိုင်း ၊ စလင်းမြို့နယ် ၊ဆင်ဖြူကျွန်းမြို့မှာရှိတဲ့ အကြမ်းဖက် စစ်တပ်စခန်းတွေကို တော်လှန်ရေးတပ်တွေက အပြီးသတ် တိုက်ခိုက်သိမ်းတော့မယ်လို့စလင်းမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဒီကနေ့ ဒီဇင်ဘာလ ၂၅ ရက်နေ့မှာပဲ တရားဝင် ထုတ်ပြန် ကြေညာလာပါတယ်။
- ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်မှာ အကြမ်းဖက် စစ်တပ်က မဲရုံဆောက်ထားတဲ့ ကျေးရွာတွေနဲ့ တပ်စွဲထားရာနေရာတွေကို တော်လှန်ရေးတပ်တွေက ဝင်ရောက်တိုက်ခိုက်မှုအတွင်း စစ်တပ်ဘက်က ၁၀ ဦးကတော့ အသီးသီး သေကုန်ကြတဲ့အပြင် ၊ အဲ့ဒီ့ မဲရုံနေရာတွေကိုပါ တခါတည်းဖျက်ဆီးရှင်း လင်းခဲ့တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar




