34 C
Yangon

မင်းအောင်လှိုင်က ဆရာဖြစ်ခဲ့သော သူရဦးအောင်ကို၊ ခရိုနီ ၃ ဦး၊ အဂတိမှုနှင့်ကျားဖြန့်ကိစ္စ ပတ်သက်သော ဗိုလ်ချုပ် ၃ ဦးတို့၏ ဂုဏ်ထူးဆောင်ဘွဲ့များကို ပြန်ရုပ်သိမ်း

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၂၆

အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဆရာဖြစ်ခဲ့ဖူးသော သူရဦးအောင်ကို၊ ခရိုနီ ၃ ဦး၊ အဂတိမှုနှင့်ကျားဖြန့်ကိစ္စပတ်သက်နေသော ဗိုလ်ချုပ် ၃ ဦးတို့၏ ဂုဏ်ထူးဆောင်ဘွဲ့များကို ပြန်လည်ရုပ်သိမ်းလိုက်ကြောင်း စစ်တပ်က ထုတ်ပြန်သော ပြန်တမ်းအရ သိရှိရသည်။

မင်းအောင်လှိုင်က နိုဝင်ဘာလ ၄ ရက်နေ့ ထုတ်ပြန်ခဲ့သော ပြန်တမ်းတွင် သူ၏ ဆရာဖြစ်ခဲ့သော သူရဦးအောင်ကို၏ ၁၉၇၅ ခုနှစ်တွင် ရရှိခဲ့သော သူရဘွဲ့နှင့် ၂၀၁၂ ခုနှစ်တွင် ရရှိခဲ့သော ၀ဏ္ဏကျော်ထင်ဘွဲ့တို့ကို ပြန်လည် ရုပ်သိမ်းခဲ့ကြောင်း ကြေညာထားသည်။

ဗိုလ်သင်တန်းအပတ်စဉ် ၁၁ ကျောင်းဆင်း သူရဦးအောင်ကိုမှာ ဗိုလ်သင်တန်းအပတ်စဉ် ၁၉ ကျောင်းဆင်း မင်းအောင်လှိုင်၏ စီနီယာဖြစ်ပြီး အနောက် မြောက်တိုင်းစစ်ဌာနချုပ် (နမခ)တွင် မင်းအောင်လှိုင်နှင့် သူရဦးအောင်ကိုတို့မှာ အတူတူ တာဝန်ထမ်းဆောင်ခဲ့ဖူးသည်။

မင်းအောင်လှိုင်က အနောက်မြာက်တိုင်းစစ်ဌာနချုပ်(နမခ)လက်အောက်မှာရှိတဲ့ ဟုမ္မလင်းအခြေစိုက် စစ်တပ် တပ်ရင်းမှူး အဖြစ် ဒုတိယဗိုလ်မှူးကြီးရာထူးနှင့် တာဝန်ကျချိန် သူရဦးအောင်ကိုက ဗိုလ်မှူးချုပ် ရာထူးဖြင့် နမခစစ်ဌာန ချုပ်၏ ဒကစမှူး အဖြစ် တာဝန်ထမ်းခဲ့ကြောင်း၊ မင်းအောင်လှိုင်က သူရဦးအောင်ကို ဦးဆောင်သည့် ဒကစ(ကလေး) ကွပ်ကဲမှု အောက်တွင် နေခဲ့ဖူးကြောင်း၊ သူရဦးအောင်ကိုနှင့် သူ အတူတာဝန်ထမ်းဆောင်ခဲ့စဉ် ဆ ရာ ဖြစ်သူ သူရဦးအောင်ကို ၏စကားများကို မှတ်သားနာယူခဲ့ရကြောင်း မင်းအောင်လှိုင် ကိုယ်တိုင်က တပ်နယ်တွေ့ဆုံပွဲများနှင့် အစည်းအဝေးများတွင် ထုတ်ဖော်ပြောဆိုခဲ့ဖူး သည်။

NLD အစိုးရလက်ထက်တွင် သူရဦးအောင်ကိုက သာသနာရေးဝန်ကြီးဖြစ်လာခဲ့ပြီး မဘသနှင့်အမျိုးသားရေးအစွန်းရောက်များကို နှိမ်နင်းခြင်း၊ နောက်ကွယ်မှ ပါဝင်ပတ်သက်နေသော စစ်တပ်၏ ပါဝင်မှုများကို ကန့်ကွက်ခြင်းကြောင့် မင်းအောင်လှိုင်က အငြိုးထားခဲ့ကာ စစ်အာဏာသိမ်းချိန်တွင် သူရဦးအောင်ကို မတရားသော ပုဒ်မများဖြင့် ဖမ်းဆီး ထောင် ချခဲ့ပြီး ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၃ရက်နေ့တွင်မှ ပြန်လည် လွတ်မြောက်ခဲ့သည်။

အလားတူ အဂတိလိုက်စားမှုနှင့် ကျားဖြန့်ကိစ္စများ ပါဝင်ပတ်သက်နေသော စစ်တပ်၏ လက်ရုံးတပ် ညွှန်ကြားရေးမှူးများဖြစ်သည့် စစ်လက်နက်ညွှန်ကြားရေးမှူး ဗိုလ်ချုပ်ဝင်းလွင်၊ သံချပ် ကာယန္တရားတပ်ဖွဲ့ညွှန်ကြားရေးမှူး ဗိုလ်ချုပ်ဇော်လွင်ဦး၊ ကာကွယ်ရေး ဒုဝန်ကြီး ဗိုလ်ချုပ်အောင်လင်းထွန်း၊ ပြည်သူ့စစ်နှင့် နယ်ခြားတပ်များ ညွှန်ကြားရေးမှူးဟောင်းနှင့် တွဲဖက် စစ်ရေးချုပ်ဟောင်း ဗိုလ်ချုပ် လှမြင့်စိုးတို့ကိုလည်း ဂုဏ်ထူးဆောင်ဘွဲ့များ ပြန်လည် ရုပ်သိမ်းခဲ့သည်။

၂၀၂၄ ခုနှစ်အတွင်းတွင် စစ်တပ်က ဗိုလ်ချုပ်ဝင်းလွင်ကို ထောင်ဒဏ် ၁၀ နှစ်ဖြင့် တောင်ငူထောင်တွင် လည်းကောင်း၊ ဗိုလ်ချုပ်ဇော်လွင်ဦးကို ထောင်ဒဏ် ၁ နှစ်ဖြင့် မန္တလေး အိုးဘိုထောင်တွင် လည်းကောင်း အကျဉ်းချခဲ့ပြီး ပြည်သူ့စစ်နှင့် နယ်ခြားတပ်များ ညွှန်ကြားရေးမှူးဟောင်းနှင့် တွဲဖက် စစ်ရေးချုပ်ဟောင်း ဗိုလ်ချုပ် လှမြင့်စိုးကိုလည်း ထောင်ဒဏ် ၅ နှစ် ၊ ဗိုလ်ချုပ်အောင်လင်းထွန်းကို ထောင်ဒဏ် ၁၀ နှစ် အသီးသီးချမှတ်ခဲ့သည်။

ထို့ပြင် စစ်တပ်နှင့် အကျိုးစီးပွား ပဋိပက္ခဖြစ်ခဲ့ကြသော ခရိုနီ ၃ ဦးဖြစ်သည့် ဧဒင် ချစ်ခိုင်၊ ဇေကမ္ဘာ ခင်ရွှေနှင့် FMI ဥက္ကဋ္ဌ သိမ်းဝေတို့ကိုလည်း ဂုဏ်ထူး ဆောင် ဘွဲ့များ ပြန်လည် ရုပ်သိမ်းကြောင်း ကြေညာခဲ့ပြီး ဦးမြင့်နိုင်၏ ဂုဏ် ထူးဆောင်ဘွဲ့ကိုလည်း ပြန်လည်ရုပ်သိမ်းခဲ့သည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article