25 C
Yangon

Khit Thit သတင်းဌာန၏ ဒီဇင်ဘာ ၂၆ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဒီဇင်ဘာ ၂၆ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

  • အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီရဲ့ မူဝါဒနှင့် ညွှန်ကြားချက်တွေကို ဖောက်ဖျက်ပြီး အကြမ်းဖက် စစ်တပ်ရဲ့ အတု အယောင်ရွေးကောက်ပွဲမှာ ပါဝင်အားပေးကူညီနေတဲ့ ပါတီဝင်အယောက် ၂၀ ကို ထုတ်ပယ်လိုက်တယ်လို့ NLD ပါတီက ဒီဇင်ဘာလ ၂၅ ရက်နေ့မှာ သတင်းထုတ်ပြန်လိုက်ပါတယ်။
  • မိုးကုတ်မြို့တွင်းရှိ အကြမ်းဖက်စစ်တပ်စခန်းတွေကို တော်လှန်ရေးတပ်ဖွဲ့တွေက ထိုးစစ်ဆင်တိုက် ခိုက်နေပြီး လက်နက်ကြီး၊ ဒရုန်းပစ်ခတ်သံတွေကြားနေရတယ်လို့ တော်လှန်ရေး စစ်ရေး သတင်းရင်း မြစ်က ရန်ကုန်ခေတ်သစ်ကိုပြောပါတယ်။
  • အကြမ်းဖက် စစ်တပ်အတွက် စက်သုံးဆီ တင်သွင်းပေးနေတဲ့ ခရိုနီ BOC ကုမ္ပဏီပိုင်ရှင် ဝင်းဆွေ ရဲ့သား ဥက္ကာဝင်းဆွေ မင်္ဂလာ ဆောင်အတွက် ပန်းဖိုး ငွေကျပ်သိန်း ၁ သောင်း ကျော် သုံးစွဲခဲ့တယ်လို့ စက်သုံးဆီလုပ်ငန်းရှင်အသိုင်းအ၀ိုင်းက ပြောဆိုပါတယ်။
  • ရခိုင့်သမိုင်းမှာ ပြည်ပရန်ကို ကာကွယ်ပေးတဲ့ဆိုတဲ့“ယတြာခေါင်းလောင်း” ကို ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဇူလိုင်လ ၃ ရက်နေ့က အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအဖွဲ့မှ ပြန်လည်ရှာတွေ့ တူးဖော်ရရှိခဲ့တဲ့ သတင်းအပါအဝင် မနက်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article