26 C
Yangon

အတုအယောင်ရွေးကောက်ပွဲကို ပြည်သူများ မဲမပေးဘဲဆန့်ကျင်ရေး အရုပ်သည်ကြီး” အမည်ရှိ တော်လှန်ရေးဇာတ်လမ်းတို တော်လှန် YouTube channel များမှ တစ်ပြိုင်ထဲ ထုတ်လွှင့်မည်

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၂၅

တော်လှန်အနုပညာရှင်များ၊ တော်လှန်ပြည်သူများ ပူးပေါင်းပါဝင်သည့်”အရုပ်သည်ကြီး” အမည်ရှိ တော်လှန်ရေးဇာတ်လမ်းတိုကို ရိုက်ကူးထားပြီး ယင်းဇာတ်လမ်းတိုကို တော်လှန် YouTube channel များမှတစ်ဆင့် အတုအယောင်ရွေးကောက်ပွဲမကျင်းပမီ ယခုရက်ပိုင်းအတွင်း တစ်ပြိုင်ထဲ ထုတ်လွှင့်မည်ဖြစ်ကြောင်း ယင်းဇာတ်လမ်းကို ရိုက်ကူးသည့် ဒါရိုက်တာ ဧဒင်ကျော်(အောင်ဗလပါဝါ)က ပြောကြားသည်။

အဆိုပါ “အရုပ်သည်ကြီး” ဇာတ်လမ်းတိုသည် ယနေ့တိုင်းပြည်၏အာဏာအား မတရား အဓမ္မသိမ်းယူထားသော အကြမ်းဖက်စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲနှင့် ၎င်းတို့၏ ခေတ်အဆက်ဆက် ပြည်သူ့အပေါ် မတရားဖိနှိပ် လိမ်လည်ပြောဆို ရက်စက်ယုတ်မာထားခြင်းများအား အများပြည်သူတို့ မမေ့လျော့စေရန်၊ လူလိမ်လူညာအဓမ္မဝါဒီ ဖက်ဆစ်စစ်တပ်၏ လုပ်ရပ်မှန်သမျှအား ခေါင်းငုံ့မခံဘဲ ဆက်လက်‌တော်လှန်ကြရန်နှင့် အမှန်တရားကိုသိရက်နှင့် ရှောင်လွှဲမသွားဘဲ မတရားမှုမှန်သမျှကို မကြောက်မရွံ့ တွန်းလှန်တော်လှန်သွားရန် မိမိတို့နေ့စဉ်ကြုံတွေ့နေရသော ဒုက္ခအမျိုးမျိုးမှ လွတ်မြောက်ရန်အတွက် စကမအတွက် ထွက်ပေါက်ဖြစ်စေမည့် အလိမ်အညာအတုအယောင်ရွေးကောက်ပွဲအား လုံးဝ(လုံးဝ)အင်တိုက်အားတိုက် ဆက်လက်တော်လှန်ဆန့်ကျင်သွားကြစေရန်ရည်ရွယ်ရိုက်ကူးထားခြင်းဖြစ်ကြောင်း ဒါရိုက်တာ ဧဒင်ကျော်(အောင်ဗလပါဝါ)က ရှင်းပြသည်။

ယင်း “အရုပ်သည်ကြီး”အမည်ရှိ ဇာတ်လမ်းတိုကို ဇာတ်လမ်းနှင့် ဒါရိုက်တာ ဧဒင်ကျော် (အောင်ဗလပါဝါ) က စီစဉ်ရိုက်ကူးကာ မောင်မိုးပွင့် (ရေကြည်) က ဇာတ်ညွှန်းရေးသားပေးပြီး ရိုက်ကွင်းဇာတ်ညွှန်းကို အောင်ခေတ် (နှလုံးသားအလင်္ကာ)က ပြင်ဆင်ခြယ်သကာ ပြည်သူချစ် တော်လှန်အနုပညာရှင်များဖြစ်သော ပိုးလေး(ဟားငါးကောင်)၊ ပြည်ကျော်(ဟားငါးကောင်)၊ ကဲကဲ၊ စိန်ပန်း၊ ဧဒင်ကျော်၊ ဦးအောင်ငွေနှင့်‌ တော်လှန်မိသားစုရပ်ဝန်းမှ ကလေးသရုပ်ဆောင်များ ပါဝင်သရုပ်ဆောင်ကာ အခြားတော်လှန်အနုပညာရှင်များလည်း အဖက်ဖက်မှ ပူးပေါင်းပါဝင်အားဖြည့်ပံ့ပိုးပေးထားကြောင်း သိရပါသည်။

အကြမ်းဖက်စစ်တပ်၏ အတုအယောင်ရွေးကောက်ပွဲကို ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် စတင်ကျင်းပပြုလုပ်မည်ဖြစ်ပြီး အရုပ်သည်ကြီး” အမည်ရှိ တော်လှန်ရေးဇာတ်လမ်းတိုကို ယခုရက်ပိုင်းအတွင်း ထုတ်လွှင့်မည်ဖြစ်သည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article