25 C
Yangon

ခရစ္စမတ်နေ့ စစ်တပ်က မင်းတပ်မြို့နှင့်သံတွဲမြို့ကို လေယာဉ်ဖြင့် ဗုံးကျဲမှု ပြည်သူ ၁ ဦးသေဆုံးပြီး နေအိမ်အများအပြား ပျက်စီး

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၂၆

ချင်းပြည်နယ်၊ မင်းတပ်မြို့ပေါ်သို့ စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် နေအိမ် ၁၀ လုံးကျော်ပျက်စီးခဲ့ကြောင်း မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ပြန်ကြားရေး တာဝန်ခံ ကိုယောမာန်က ရန်ကုန်ခေတ်သစ်မီဒီယာသို့ ပြောဆိုသည်။

ယမန်နေ့ ခရစ္စမတ်နေ့ ဒီဇင်ဘာလ ၂၅ ရက်နေ့ ညနေ ၅ နာရီ ၂၀ မိနစ်ခန့်အချိန် အကြမ်းဖက် စစ်တပ်၏ ဂျက်ဖိုက်တာများက မင်းတပ်မြို့ပေါ်ကို ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှုအတွင်း ပြည်သူများ ထိခိုက်မှုမရှိသော် လည်း နေအိမ် ၁၀ လုံးကျော် ပျက်စီးခဲ့ကြောင်း သိရှိရသည်။

“အရပ်သား ပြည်သူတွေတော့ ထိခိုက်တာ မရှိပါဘူး။ လူနေအိမ် ၁၀ လုံးကျော် ထိခိုက် ပျက်စီးသွားပါတယ်” ဟု မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ပြန်ကြားရေး တာဝန်ခံ ကိုယောမာန်က ရန်ကုန်ခေတ်သစ်မီဒီယာသို့ ပြောဆိုသည်။

အလားတူ ယခုနှစ် ဧပြီလ ၉ ရက်နေ့ကလည်း မင်းတပ်မြို့နယ်၊ ဖွီကျေးရွာကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ၂ ကြိမ် ဗုံးကျဲ တိုက်ခိုက်ခဲ့သောကြောင့် အသက် ၈ လသားအရွယ် လူမမယ် ကလေးငယ် ၁ ဦး၊ ၇ နှစ်အရွယ် ကလေးငယ် ၁ ဦး၊ မသန်စွမ်းလူငယ် ၁ ဦး၊ အသက် ၇၀ ဝန်းကျင် သက်ကြီးရွယ်အို ၂ ဦး အပါအဝင် ခရစ်ယာန်ပါစတာ ၁ ဦးတို့ သေဆုံးကာ လူနေအိမ် ၁၂ လုံး နှင့် ခရစ်ယာန် ဘုရားကျောင်း ၁ ကျောင်း ပျက်စီးခဲ့ပြီး နေအိမ်တချို့ မီးလောင်ပြာကျခဲ့ကြောင်း သိရသည်။

အလားတူ ယမန်နေ့ ခရစ္စမတ်နေ့ နံနက် ၁ နာရီဝန်းကျင်အချိန် ရခိုင်ပြည် သံတွဲမြို့နယ် အမှတ် ၅ တိုက်နယ် ရွာရှည်ကျေးရွာသို့စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲချခဲ့ရာ အမျိုး သမီး ၁ ဦး သေဆုံးသွားကြောင်း ၊ ရပ်ရှည်ကျေးရွာသို့ စစ်တပ်က ပေါင် ၅၀၀ ဗုံး ၂ လုံးဖြင့် လေကြောင်းဗုံးကျဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ သေဆုံးသူမှာ ရွာရှည်ကျေးရွာသို့ ပြည်မဘက်မှ စစ်ရှောင်လာသူ အသက် ၅၅ နှစ်အရွယ် ဒေါ် နော်စေးရေဖော ဖြစ်ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article