ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်၊ ကညင်တိုင်းရွာကို အကြမ်းဖက် စစ်တပ်က လက် နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၂ ဦးသေဆုံးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဒီဇင်ဘာလ ၂၅ ရက်နေ့ ညနေ ၄ နာရီမှ ၆ နာရီထိ လေးမျက်နှာမြို့နယ်၊ ကညာင်တိုင်းရွာကို အကြမ်းဖက် စစ်တပ်၏ အမတ ၃၄၄ တပ်ရင်း မှ ဟောင်ဝှစ်ဇာ လက်နက်ကြီးများဖြင့် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ် ပစ်ခတ်သော လက်နက်ကြီးကျည် ထိမှန်ပြီး ပြည်သူ ၂ ဦးသေဆုံးကာ ၅ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း၊ ထိခိုက်ဒဏ်ရာရရှိသူများထဲတွင် အသက် ၆ နှစ်အရွယ် ကလေးငယ် ၁ ဦးပါဝင်ကြောင်း သိရှိရသည်။
“ကညင်တိုင်းကျေးရွာအုပ်စုထဲက အကြမ်းဖက် စစ်ခွေးတွေရဲ့ အမတ ၃၄၄ အမြောက်တပ်ကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ် တိုက်ခိုက်တာ အသက် ၆၆ နှစ်အရွယ် ပြည်သူ အမျိုးသား ၁ ဦး နဲ့ အသက် ၃၄ နှစ်အရွယ် အမျိုးသမီး ၁ ဦး သေဆုံးတယ်။ ထိခိုက်ဒဏ်ရာရတဲ့ထဲမှာ အသက် ၆ နှစ်အရွယ် ကလေးငယ် ၁ ဦး နဲ့ အမျိုးသား ပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာရတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
အလားတူ ဒီဇင်ဘာလ ၁၆ ရက်နှင့် ၁၇ ရက်နေ့တို့ကလည်း လေးမျက်နှာမြို့နယ်၊ ခတ်ချိုကုန်းရွာနှင့် စောပြာကို စစ်တပ်က စက်တပ်လေထီးများဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့သောကြောင့် ကျေးရွာနေ ပြည်သူ အမျိုးသား ၃ ဦးနှင့် အမျိုးသမီး ၁ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar






