မွန်ပြည်နယ်၊ ဘီလင်းမြို့နယ်၊ သပြေနီရွာအနီး ဘုန်းကြီးကျောင်းကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၃ ဦးသေဆုံးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဒီဇင်ဘာလ ၂၄ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ခန့်တွင် ဘီးလင်းမြို့နယ် အတွင်း စစ်ကြောင်းထိုးနေသော အကြမ်းဖက် စစ်တပ်သည် သပြေနီရွာအနီးကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့သောကြောင့် ခတ္တာဘုန်းကြီးကျောင်းဝင်း အတွင်းကို လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲခဲ့ပြီး သပြေနီရွာမှ ပြည်သူ ၃ ဦး သေဆုံးကာ ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
စစ်တပ် ပစ်ခတ်သော လက်နက်ကြီးထိမှန် သေဆုံးသူ ၃ ဦးမှာ အသက် ၃၀ နှစ်အရွယ် မခိုင်သွယ်၀င်း၊ အသက် ၂၃ နှစ်အရွယ် မထွေး၀င်းနှင့် အသက် ၄၉ နှစ်အရွယ် ဒေါ်ချောတို့ ဖြစ်ကြောင်း သိရှိရသည်။
“၂၄ ရက်နေ့ မွန်းလွဲ ၁၂ နာရီလောက်မှာ စစ်ခွေးတွေ ပစ်တဲ့ လက်နက်ကြီးက ခတ္တာကျောင်းဘုန်းကြီးကျောင်းထဲကို ကျရောက်ပေါက်ကွဲပြီး သပြေနီကျေးရွာက ပြည်သူ ၃ ဦး သေဆုံးတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
အလားတူ ဒီဇင်ဘာလ ၁၂ ရက်နေ့ကလည်း ဘီးလင်းမြို့နယ်၊ ဖိုးဝသိမ်ကျေးရွာကို စစ်ကြောင်းထိုးနေသော အကြမ်းဖက် စစ်တပ်က ဖိုးဝသိမ်ရွာကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့သောကြောင့် ကျေးရွာနေပြည်သူ အသက် ၅၃ နှစ်အရွယ် ဦးကြည်လွင်နှင့် ရှမ်းစုရွာမှ အသက် ၅၀ နှစ်အရွယ် ဦးမောင်လုံးတို့ သေဆုံးခဲ့ကြောင်း၊ ထို့ပြင် စစ်တပ် စစ်ကြောင်းက အလူကြီးရွာမှ ပြည်သူ ၃ ဦးကိုလည်း ဖမ်းဆီးသတ်ဖြတ်ခဲ့ကြောင်း သိရှိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar







