ဒီကနေ့ ဒီဇင်ဘာ ၂၆ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်က ကျားဖြန့်ငွေလိမ်ဂိုဏ်းတွေအခြေစိုက်ရာ ရွှေကု က္ကိုလ်မြို့ကို ထူထောင်ခဲ့တဲ့ ရထိုက်ကုမ္ပဏီပိုင်ရှင် ရှီကျင်ကျန်းကို တရုတ်နိုင်ငံက ဖမ်ဆီးခေါ်ဆောင်သွားပြီး နောက်ပိုင်း အဲ့ဒီ့ ရှီကျင်ကျန်းရဲ့ တပည့်တွေနဲ့ ရုံးအဖွဲ့ အားလုံးကို မြန်မာ အကြမ်းဖက် စစ်တပ် လက်အောက်ခံ BGF ခေါင်းဆောင် စောချစ်သူက ကိုယ်ရံတော်တပ်တွေနဲ့အတူ လုံခြုံ ရေးအပြည့်ချ စောင့်ရှောက်ပေးထားပြန်တယ်လို့ ကရင်စစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
- ချင်းပြည်နယ်ရဲ့ မြို့တော်ဖြစ်တဲ့ ဟားခါးမြို့က အကြမ်းဖက် စစ်တပ်စခန်းတွေကို ချင်းတော်လှန်ရေး တပ်တွေက စတင် ဝင်ရောက်တိုက်ခိုက်နေပြီး တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားနေပြီလို့ ချင်းတော်လှန်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
- အကြမ်းဖက် စစ်တပ်က လုံခြုံရေး အထူးတင်းကြပ်ထားတဲ့ ရန်ကုန်မြို့က မှော်ဘီမြို့နယ် နဲ့ လှိုင်သာယာမြို့နယ်တွေမှာ စစ်တပ်ရဲ့ ရွေးကောက်ပွဲအတုကြီးနဲ့ပက်သက်ရာ နေရာတွေကို ရန်ကုန်မြို့ပြတော်လှန်ရေးရဲဘော်တွေက ဗုံးခွဲတိုက်ခိုက်ခဲ့တဲ့ သတင်းအပါအဝင် နောက်ဆုံးရ သတင်းတွေကို တင်ဆက်ပေးပါမယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar




