33 C
Yangon

ရေဖြူမြို့နယ်၊ ရန်ကင်းတံတားကာကင်းစခန်း၊ ခလရ ၂၅ တပ်ရင်းမှ စစ်မှုထမ်းတပ်သား ၁ ဦး အလင်းဝင်

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၂၆

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ် ရေနက်ဆိပ်ကမ်း၊ ရန်ကင်းကျေးရွာ၊ ရန်ကင်းတံတားကာကင်းစခန်းတွင် တာဝန်ကျနေသော ခလရ ၂၅ တပ်ရင်းမှ စစ်မှုထမ်းတပ်သားသစ် ၁ ဦး သေနတ်ယူဆောင်လာခြင်းမရှိဘဲ အလင်းဝင်ခဲ့ကြောင်း Dawei Guerrilla Revolutionary Force – DGRF မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

နိုဝင်ဘာလ ၁၄ ရက်နေ့ ရေဖြူမြို့နယ် ရေနက်ဆိပ်ကမ်း၊ ရန်ကင်းကျေးရွာ၊ ရန်ကင်းတံတားကာကင်းစခန်းတွင် တာဝန်ကျနေသော ခလရ (၂၅) တပ်ရင်း မှ စစ်မှုထမ်း တပ်သား ဇင်မင်းက သေနတ်ယူဆောင်လာခြင်းမရှိဘဲ Dawei Guerrilla Revolutionary Force – DGRF တပ်ဖွဲ့ထံ သို့ ဆက်သွယ်၍ အလင်း ဝင်ရောက်လာခဲ့ကြောင်၊ ၎င်း၏ သဘောဆန္ဒအတိုင်း လွတ်မြောက်နယ်မြေသို့ သွား ရောက် အလုပ်လုပ်နိုင်ရန် ကူညီဆောင်ရွက်ပေးခဲ့ကြောင်းသိရှိရသည်။

“လက်နက် စွန့်ခွာ ထွက်ပြေးလွတ်မြောက်လာတာပါ။ ကင်းတာဝန်ချိန်မှာ ထွက်ပြေးရင်း လမ်းမှာ ၄ ရက်လောက် နေပြီးမှ ကျနော်တို့ အဖွဲ့ နဲ့ ဆက်သွယ်မိခဲ့တာပါ။ အလင်းဝင်ရောက်လာတဲ့သူက စစ်မှုထမ်း အပတ်စဉ် ၈ ကပါ။ စစ်မှုထမ်း သင်တန်းကျောင်းကို ရှမ်းပြည်တောင်ပိုင်း ကျိုင်းတောင်း တက်ခဲ့တာပါ။ ပဲခူးတိုင်း သေနပ်ပင်မြို့နယ်မှာ ပေါ်တာဆွဲခံပြီး စစ်မှုထမ်းဖြစ်လာတာ။ အလုပ်ကအိမ်အပြန် လမ်းမှာ ပေါ်တာဆွဲခြင်းခံခဲ့ရတယ်လို့ ပြောပါတယ်။၎င်းရဲ့ ဆန္ဒအရ လွတ်မြောက်နယ်မြေသို့ အန္တရာယ် ကင်းစွာ ကူညီပို့ဆောင်ပေးခဲ့ပြီးပါပြီ”ဟု Dawei Guerrilla Revolutionary Force – DGRF မှ တာဝန်ရှိသူက ပြောဆိုသည်။

လာမည့်ရက်ပိုင်းအတွင်း အကြမ်းဖက် စစ်တပ်က ပြုလုပ်မည့် တရားမဝင် ရွေးကောက်ပွဲကို ပြည်သူများအနေဖြင့် ပူးပေါင်းပါဝင်ခြင်း မပြုရန်နှင့် အကြမ်းဖက် စ-စ်တပ် နှင့် ပတ်သက် ဆက်စပ် သည့် နေရာများသို့ သွားရောက်ခြင်းမပြုကြရန် Dawei Guerrilla Revolutionary Force – DGRF က သတိပေးနှိုးဆော်ထားသည်။

လတ်တလော တော်လှန်ရေး နှင့် စစ်ရေးအရှိန် မြင့်လာသည်နှင့်အမျှ ပြည်သူဘက် ၊ အမှန်တရားဘက် ရပ်တည်လိုသော စကစ မှ စစ်သည်တော်များ ၊ ရဲတပ်ဖွဲ့ဝင်များ ၊ ပျူစောထီးများ ၊ ပြည်သူ့စစ်များ နှင့် စကစ လက်အောက်ခံ တပ်ဖွဲ့ဝင်များကို ပြည်သူ့ရင်ခွင် ခိုလှုံ၍ အမြန်ဆုံးပူးပေါင်းပေးကြပါရန် တော်လှန် ရေးတပ်များက တိုက်တွန်းဖိတ်ခေါ်ထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article