ဒီကနေ့ ဒီဇင်ဘာ ၂၉ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- အကြမ်းဖက် စစ်တပ်၏ ၂၀၀၈ ဖွဲ့စည်းပုံ ဥပဒေကို ပယ်ဖျက်ပြီးဖြစ်၍ နိုင်ငံရေးလမ်းပြ မြေပုံအတိုင်း ဖက်ဒရယ်ဒီမိုကရေစီ ရရှိရေးအတွက် တော်လှန်ရေးကို ဆက်ဆင်နွှဲသွားမယ်လို့ အမျိုးသား ညီညွတ်ရေး အစိုးရ NUG နှင့် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ-NUCC တို့က ပူးတွဲ ကြေညာလိုက်ပါတယ်။
- မကွေးတိုင်းအတွင်းရှိ စလင်းမြို့နယ်နှင့် ပွင့်ဖြူမြို့နယ် အပါအဝင် မြို့နယ်ပေါင်း ၆ ခုရှိ အကြမ်းဖက် စစ်တပ် စစ်စခန်း အားလုံးကို PDF တပ်က ထိုးစစ်ဆင် တိုက်ခိုက်နေပြီး ကပစ ၂၁ ၊ ကပစ ၂၂ နှင့် ကပစ ၂၄ တို့ကို သွယ်တန်းထားတဲ့ မီးတိုင်း ၁၀၀ ကျော်ကို ဖောက်ခွဲရှင်းလင်းလိုက်တယ်လို့ အမျိုးသား ညီညွတ်ရေး အစိုးရ ကာကွယ်ရေးဝန်ကြီးဌာန က ဒီဇင်ဘာလ ၂၈ ရက်နေ့က ထုတ်ပြန်လိုက်ပါတယ်။
- မနေ့က အကြမ်းဖက်စစ်တပ်ရဲ့ အတုယောင်ရွေးကောက်ပွဲမှာ ရန်ကုန်တိုင်းအတွင်းရှိ မဲရုံတွေဟာ မဲပေးသူမရှိဖြစ်နေလို့ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့တွေ ပြည်သူတွေကို မဲလာပေးကြဖို့ အိမ်တိုင်ရာရောက် လိုက်လံ ခေါ် ယူခြိမ်းခြောက်ခဲ့တယ်လို့ ခေါ်ယူခံရတဲ့ ပြည်သူတွေက ရန်ကုန်ခေတ်သစ်ကိုပြောပါတယ်။
- ကရင်ပြည်နယ် ဘားအံမြို့နယ်အတွင်းအာဏာသိမ်း အကြမ်းဖက်စစ်တပ်ရဲ့ ရွေးကောက်ပွဲကို ဆန့်ကျင်ကန့်ကွက်ကြောင်း ပြည်သူ ၄၀၀၀ ခန့်က ဆိုင်ကယ်၊ ကား၊ ခြေလျင်နဲ့ စစ်အုပ်စုရဲ့ အတုယောင်ရွေးကောက်ပွဲလုပ်တဲ့ နေ့မှာပင် ဒုတိယအကြိမ် ဆန္ဒထုတ်ဖော်ခဲ့ကြတဲ့ သတင်းအပါအဝင် မနက်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar




