26 C
Yangon

Khit Thit သတင်းဌာန၏ ဒီဇင်ဘာ ၂၉ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဒီဇင်ဘာ ၂၉ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

  • အကြမ်းဖက်စစ်တပ်က ကျောထောက်နောက်ခံပေးထားတဲ့ ကြံ့ဖွတ်ပါတီက မနေ့က ရွေး ကောက်ပွဲနေ့မှာ ပြည်သူတွေကို တစ်ဦးလျှင် ငွေကျပ် ၃ သောင်းပေးပြီး မဲရုံအထိ ခေါ်ဆောင်ကာ ကြံ့ဖွတ်ပါတီကို မဲပေးခိုင်း ခဲ့တယ်လို့ ပြင်ဦးလွင်၊ လားရှိုး၊ နောင်ချို၊ ချောက်မြို့နယ်နှင့်မော်လမြိုင်က ဒေသခံပြည်သူတွေက ရန်ကုန်ခေတ်သစ်ကိုပြောပါတယ်။
  • တနင်္သာရီတိုင်း၊ ဘုတ်ပြင်းမြို့နယ်၊ ပြည်ကြီးမဏ္ဍိုင်မြို့၊ လေညာရွာ တံတားကြီးအနီးမှာရှိတဲ့ အကြမ်းဖက် စစ်တပ် မဲရုံကိုဒရုန်းနဲ့ တိုက်ခိုက်ခဲ့တာကြောင့် အရာရှိ ၁ ဦး အပါအဝင် စစ်သား ၅ ဦးသေဆုံးခဲ့တယ်လို့ Dragon Squad – TNI ရဲ့ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်ကိုပြောပါတယ်။
  • မန္တလေးတိုင်း၊ မြင်းခြံမြို့ပေါ်ကနေ ထွက်လာတဲ့ သီတာယုမွန်အဖွဲ့က ပျူစောထီး ခေါင်းဆောင် အမျိုးသမီး ၃ ဦး အရှင်ဖမ်းမိခဲ့တယ်လို့ ထနောင်းမြေ စစ်ကြောင်း ရဲ့ စစ်ကြောင်း IO ရဲဘော်မူတူးက ပြောတဲ့ သတင်းအပါအဝင် နေ့လယ်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article