26 C
Yangon

ကြို့ပင်ကောက်မြို့၊ ဥယျာဉ်ကြီးကျေးရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှု ကလေးမိခင် ၁ ဦးသေဆုံး၊ ချောင်းဦးတွင် စစ်တပ်က ရွာကို စီးနင်းဖျက်ဆီးကာ အဖိုးတန်ပစ္စည်းများကို လုယက်

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၃၁

ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်၊ ဥယျာဉ်ကြီးကျေးရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှု ကလေးမိခင် ၁ ဦးသေဆုံးသွားကြောင်း သေဆုံးသူ ကလေးမိခင်၏ မိတ်ဆွေများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဒီဇင်ဘာလ ၂၉ ရက်နေ့ စစ်တပ်က အင်အား ၇၀၀ ဖြင့် ကြို့ပင်ကောက်မြို့နယ်အတွင်းရှိ ကျေးရွာများကိုစစ်ကြောင်းထိုးလာသည့်အပြင် ကြို့ပင်ကောက်မြို့နယ်၊ ဥယျာဉ်ကြီးကျေးရွာသို့ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းဖြင့် ဗုံးကျဲချခဲ့ကြောင်း၊ ဗုံးကျဲမှုကြောင့် ကလေးအမေ သေဆုံးပြီး အခြားပြည်သူ ၁ ဦးမှာလည်း ဒဏ်ရာရရှိထားကြောင်း သိရှိရသည်။

အလားတူ စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ် ကျီကုန်းကျေးရွာအတွင်း စစ်တပ်က ၁ လနီးပါးကြာ တပ်စွဲပြီးနောက် ထွက်ခွာသွားခဲ့သော်လည်း ကျီကုန်းကျေးရွာ ဘုန်းကြီးကျောင်းဆောင်ကို မီးရှို့ခြင်း၊ ကျောင်းထိုင်ဆရာတော်ကို ပစ်သတ်ခြင်းများ ကျူးလွန်ခဲ့သည့်အပြင် ဘုန်းကြီးကျောင်းအတွင်းရှိ တန်ဖိုးကြီး ပစ္စည်းများကို ခိုးယူးသယ်ဆောင်သွားခဲ့ကြောင်း ဒေသပြည်သူများက ပြောဆိုသည်။

အကြမ်းဖက်စစ်တပ်က ကျီကုန်းရွာအတွင်း ဒီဇင်ဘာလ ၁ ရက်နေ့ကတည်းက အထိုင်ချ တပ်စွဲခဲ့ခြင်းဖြစ်ပြီး ကျေးရွာအတွင်း တပ်စွဲနေစဉ်အတွင်း ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တသုမနာဘိဝံသကို သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ၊ အကြမ်းဖက်စစ်သားများ ပြန်ထွက်သွားချိန်တွင် ကျောင်းပိုင်ပစ္စည်းများ ခိုးယူခံခဲ့ရသည့်အပြင် ကလေးငယ်များအတွက် တူးထားသည့် ဗုံးခိုကျင်းများပါ ဖျက်ဆီးခံခဲ့ရခြင်းဖြစ်ကြောင်း ဒေသပြည်သူများက ပြောဆိုသည်။

အကြမ်းဖက်စစ်တပ်သည် ဒီဇင်ဘာလ ၂၇ ရက်နေ့တွင်မှ ကျေးရွာအတွင်းမှ ပြန်လည် ထွက်ခွာသားခြင်းဖြစ်ပြီး ကျေးရွာအတွင်းမှ ထွက်ခွာသွားချိန်တွင် ကျီကုန်းကျေးရွာ ဘုန်းကြီးကျောင်းအတွင်းရှိ ကြေးဆင်းတုတော်များ၊ ရှေးဟောင်းပစ္စည်းများ ဖြစ်သည့် ဆပ်ချို၊ သမင်ချို၊ ဆက်တီလ်ခုံများ အပါအဝင် တန်ဖိုးကြီး ပစ္စည်းများကို အကြမ်းဖက်စစ်သားများက လုယက်သယ်သွားခြင်းဖြစ်ကာ ၎င်းတို့ မသယ်ဆောင်နိုင်သည့် ပစ္စည်းအမြောက် အမြားကိုလည်း လမ်းဘေးတွေ ပုံချထားခဲ့ကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။

လက်ရှိတွင် ကျီကုန်းကျေးရွာအရှေ့ပိုင်းနှင့် အနောက်ပိုင်း နှစ်ရွာလုံးသည် အကြမ်းဖက်စစ်တပ်၏ မီးရှို့ဖျက်ဆီးမှု၊ ပစ္စည်းများ ပြန့်ကျဲစွာ ထားရှိခဲ့မှုကြောင့် ရွာပျက်ကြီး တစ်ခုသဖွယ်ဖြစ်နေကြောင်း ဒေသပြည်သူများက ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article