31 C
Yangon

ဘီးလင်းမြို့နယ်၊ ဝင်းပြန်ကျေးရွာနှင့်အလူးလေးအကြား KNU နှင့် စစ်တပ် တိုက်ပွဲဖြစ်ပြီး စစ်တပ်ဘက်မှ ခမရ ၃ ဒုတပ်ရင်းမှူး အပါအဝင် စစ်သားများ သေဆုံးမှု များပြား

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၃၁

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ဝင်းပြန်ကျေးရွာနှင့် အလူးလေးကျေးရွာအကြားတွင် တိုက်ပွဲဖြစ်ပြီး စစ်တပ် ဘက်မှ ခမရ ၃ ဒုတပ်ရင်းမှူး အပါအဝင် စစ်သား အများအပြား ထိခိုက်သေဆုံးခဲ့ကြောင်း KNU စစ်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့ ဒီဇင်ဘာလ ၃၁ ရက် နံနက် ၆ နာရီ ၄၅ မိနစ်ခန့်က ဘီလင်းမြို့နယ်၊ အလူးလေးကျေးရွာဘက် သို့ ကင်းလှည့်ထွက်လာသော စစ်တပ်စစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက မိုင်း၊ လက် နက်ကြီးနှင့် လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ခမရ ၃ တပ်ရင်းမှ ဒုတပ်ရင်းမှူးအပါအဝင်အများအ ပြား သေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူများလည်းရှိကြောင်း သိရသည်။

“ခမရ ၃ ဒုတပ်ရင်းမှူးလည်း သေတယ်။ သူက လွန်ခဲ့တဲ့တစ်လခွဲလောက်ကမှ ပြောင်းလာတဲ့သူပါ။ မိုင်းကွင်းထဲမှာ သေတာ လည်းရှိတယ်။ ပစ်ခတ်တိုက်ခိုက်တာမှာ သေတာလည်းရှိတယ်။ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဘက်က ခြုံခိုတိုက်ခိုက်တာဆိုတော့ အန္တရာယ်ကင်းတယ်” ဟု တော်လှန်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

KNU တပ်မဟာ ၁ နယ်မြေအတွင်းတွင် စစ်တပ်က စစ်ကြောင်းထိုးမှုများ လုပ်ဆောင်လာပြီး လက်နက်ကြီးများဖြင့် ပြည်သူများနေထိုင်သော နေရာများကို ပစ်ခတ်ခြင်း၊ လေကြောင်းတိုက်ခိုက်ခြင်းများကို စစ်တပ်က အရှိန်အဟုန်မြှင့်လုပ်ဆောင်လာနေကြောင်း KNU စစ်ရေး သတင်းရင်းမြစ်များထံမှ သိရှိရသည်။

ဓာတ်ပုံ – KNLA တပ်ဖွဲ့ဝင်များက ချေမှုန်း တိုက်ခိုက်ဖျက်ဆီးထားသော စစ်ကား ၁ စီး။ (ပုံအဟောင်းကို အသုံးပြုထားပါသည်။)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

KNLA တပ်ဖွဲ့ဝင်များက ချေမှုန်း တိုက်ခိုက်ဖျက်ဆီးထားသော စစ်ကား ၁ စီး။ (ပုံအဟောင်းကို အသုံးပြုထားပါသည်။)
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article