29 C
Yangon

Khit Thit သတင်းဌာန၏ ဒီဇင်ဘာ ၃၁ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဒီဇင်ဘာ ၃၁ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

  • မြန်မာနိုင်ငံမှာ စီးပွားရေးဆိုင်လုပ်ပိုင်ခွင့်တွေအကုန်လုံးကို မိသားစုလိုက်လက်ဝါးကြီးအုပ် အပိုင်စီးထား တဲ့ အကြမ်းဖက် မင်းအောင်လှိုင်ဟာ လက်ရှိ ပြင်ဦးလွင်မြို့က ရတနာပုံမြို့သစ်စီမံကိန်းမှာပါ သူတို့ မိသားစုပိုင် ကုတင် ၃၀၀ ဆန့် ပုဂ္ဂလိက ဆေးရုံ တည်ဆောက်ဖို့လုပ်နေပြန်တယ်လို့ အဲဒီအခြေနေကို သိရှိထားတဲ့ သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
  • စစ်ကိုင်းတိုင်က ဘုတလင်မြို့ သိမ်းတိုက်ပွဲအတွင်း တော်လှန်ရေးပူးပေါင်းတပ်တွေက မြို့တစ်ခုလုံးကို ယာယီသိမ်းပိုက် ထိန်းချုပ်နိုင်ခဲ့ပေမယ့် စစ်ရေးဗျူဟာအရရော ခဲယမ်းလိုအပ်ချက်ကြောင့်ပါ ပြန်လည် စွန့်ခွာခဲ့ပြီး မြို့ပြင်ကနေသာ ဝိုင်းထားတယ်လို့ ဘုတလင်မြို့နယ် တပ်ပေါင်းစုစစ်ကြောင်းရဲ့ စစ်ကြောင်းမှူး ကိုကြွက်ကလေးက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
  • မြန်မာနိုင်ငံမှာ စစ်တပ်ကလုပ်တဲ့ ရွေးကောက်ပွဲ နဲ့ပတ်သက်လို့ နောက်ဆက်တွဲ ဖြစ်ပေါ် တိုးတက်မှု တွေကို သုံးသပ်သွား မှာ ဖြစ်တဲ့အတွက် အ‌ဆောတလျင် တရားဝင်မှုပေးမှာ မဟုတ်ဘူးလို့ မလေးရှားဝန်ကြီးချုပ်အန်ဝါအီဘရာဟင်ကပြောလိုက်တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article