32 C
Yangon

သရက်အကျဉ်းထောင်တွင် အကျဉ်းသား ၁ ဦးကို အကျဉ်းဦးစီးဌာနမှ တပ်ကြပ်သက်မောင်မောင်နှင့် တပ်သား ဝင်းမြင့်သိန်းတို့က ရိုက်နှက် သတ်ဖြတ်ပြီး မိသားစုဝင်များကို အသိမပေးဘဲ သဂြိုလ်

Must read

ရန်ကုန်၊ ဇန်နဝါရီ ၁

မကွေးတိုင်း၊ သရက်မြို့နယ်ရှိ သရက်အကျဉ်းထောင်တွင် အကျဉ်းသား ၁ ဦးကို အကျဉ်းဦးစီးဌာနမှ တပ်သား ဝင်းမြင့်သိန်းနှင့် တပ်ကြပ် သက်မောင်မောင်တို့ ရိုက်နှက် သတ်ဖြတ်ပြီး မိသားစုဝင်များကို အသိမပေးဘဲ သဂြိုလ်လိုက်ကြောင်း အကျဉ်းဦးစီး ဌာနနှင့်နီးစပ်သော သတင်းရင်းမြစ်က ပြောဆိုသည်။

ဒီဇင်ဘာလ ၂၂ ရက်နေ့ သရက်အကျဉ်းထောင်တွင် ထောင်ပိုင်၏ လူယုံများဖြစ်သော အကျဉ်းဦးစီးဌာနမှ တပ် ကြပ် သက်မောင်မောင်နှင့် တပ်သား ဝင်းမြင့်သိန်းတို့က အကျဉ်းထောင်အတွင်း မူးယစ်ဆေးဝါး ဖမ်းမိသည်ဟု ဆိုကာ အကျဉ်းသားများကို အကြမ်းဖက် ရိုက်နှက်ခြင်း၊ ခြေထောက်များကို ဒေါက်ခတ်ပြီး တိုက်ပိတ်ခြင်းများ လုပ်ဆောင်ခဲ့ကြောင်း၊ ယင်းသို့ အကျဉ်းဦးစီးဌာနက လူမဆန်စွာ ရိုက်နှက်မှုများ လုပ်ဆောင်ခဲ့ရာ အရိုက်ခံခဲ့ရသော အကျဉ်းသားများအနက်မှ ကိုရေခဲဆိုသော ရာဇဝတ် အကျဉ်းသားမှာ ဆိုးဆိုးဝါးဝါးရိုက်နှက်ခံခဲ့ရပြီး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း၊ ဒဏ်ရာရရှိထားသော အကျဉ်းသားကို ချက် ချင်း ဆေးရုံမပို့ဘဲ ပစ်ထားခဲ့ရာမှ ကျန်းမာရေး အခြေအနေ အလွန်ဆိုးရွားလာကြောင်း၊ နောက်ဆုံးတွင် အကျဉ်းသား၏ ကျန်းမာရေး အခြေအနေ အလွန်အမင်း ဖောက်လာသောအချိန်မှ ပြင်ပ ဆေးရုံသို့ တင်ပို့ခဲ့ကြောင်း သိရှိရသည်။

အကျဉ်းဦးစီးဌာနမှ ဝန်ထမ်းများ၏ လူမဆန်စွာ ရိုက်နှက်မှုကြောင့် ကိုရေခဲဆိုသော အကျဉ်းသားမှာ ဒီဇင်ဘာလ ၂၆ ရက်နေ့ ညနေပိုင်း ပြင်ပဆေးရုံတွင် ဆေးကုသမှုခံယူရင်း ကွယ်လွန်သွားခဲ့ကြောင်း သိရှိရသည်။

“သရက်ထောင်မှာ ထောင်ပိုင်လေးဆိုသူနဲ့တပ်သားဝင်းမြင့်သိန်းနဲ့တပ်ကြပ်သက်မောင်မောင်တို့ကအကျဥ်းသားတွေကို အထူးသဖြင့်နိုင်ငံရေးအကျဥ်းသားတွေကို မင်းတို့ကောင်တွေကို ငါပျင်းလာတိုင်း ထုတ်ရိုက်နေလို့ရတယ်ကွဆိုပြီး ဆဲဆိုကြီမ်းမောင်းတာတွေ ခဏခဏ လုပနေတဲ့သူတွေ ။ လက်ရှိထောင်အတွင်းကအကျဥ်းတိုက်မှာလည်းရိုက်နှက်နှိပ်စက်ခံထားရတဲ့အကျဥ်းသားတွေရှိနေပါသေးတယ်။ သူတို့ရိုက်လို့ သေသွားတဲ့ အကျဉ်းသား ကိုရေခဲကိုလည်း သက်ဆိုင်ရာ မိသားစု အသိမပေးဘဲ သဂြိုလ်လိုက်ကြတယ်။ အကျဥ်းသားတွေရဲ့အသက်လုံခြုံရေးလုံးဝမရှိတော့ပါဘူး” ဟု အကျဉ်းဦးစီးဌာန သတင်းရင်းမြစ်က ပြောဆိုသည်။

လက်ရှိ သရက်အကျဉ်းထောင်တွင် အကျဉ်းသားများအပေါ် ဖိနှိပ် ညှဉ်ပန်းနှိပ်စက်မှုများ၊ ရိုက်နှက် သတ်ဖြတ်မှုများ မကြာခဏ ဆိုသလို ထောင်အာဏာပိုင်များက ကျူးလွန်နေပြီး အထူးသဖြင့် နိုင်ငံရေးအကျဉ်းသားများမှာ အဖိနှိပ်ခံရဆုံးဖြစ်ကြောင်း အကျဉ်းဦးစီးဌာန သတင်းရင်းမြစ်၏ ပြောဆိုချက်အရ သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article