စစ်ကိုင်းတိုင်း ရေဦးမြို့ ကြာဖူးအဝိုင်းစစ်ဆေးရေးဂိတ်တွင် တာ၀န်ကျနေသော အကြမ်းဖက် စစ်သား ၁ ဦးက သေနတ် ၂ လက် ယူဆောင် အလင်းဝင်လာသဖြင့် ဂုဏ်ပြုဆုငွေ ချီးမြှင့်ခဲ့ကြောင်း Wolf Guerrilla LPDF Ye.U Air Force သတင်းပြန်ကြားရေးတာ၀န်ခံ ရဲဘော်ကိုညိုက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။
ဒီဇင်ဘာလ ၁၇ ရက်နေ့ နံနက် ၇နာရီဝန်းကျင်ခန့်အချိန် ရေဦးမြို့ ကြာဖူးအဝိုင်းစစ်ဆေးရေးဂိတ်တွင် တာ၀န်ကျနေသော အကြမ်းဖက် စစ်ကောင်စီ တပ်သား ကျော်မျိုးသူက သေနတ် ၂လက် ယူဆောင်လာပြီး Wolf Guerrilla LDF Ye.U Air Force ထံသို့ ဆက်သွယ်လာပြီး အလင်းဝင်ရောက်လာခဲ့ကြောင်း ၊အလင်းဝင် တပ်သား ကျော်မျိုးသူက သေနတ် ၂ လက် ယူဆောင် အလင်းဝင်မှုအတွက် Wolf Guerrilla LDF Ye.U Air Force အဖွဲ့က ဂုဏ်ပြုဆုငွေ ငွေကျပ် သိန်း ၁၀၀ကျပ် တိတိကို ဒီဇင်ဘာလ ၂၉ ရက်နေ့တွင် ချီးမြှင့်ခဲ့ကြောင်းသိရှိရသည်။
“အလင်းဝင်ရောက်လာတဲ့သူက ဒီအတိုင်းထွက်ပြေးလာတာ။ သူ့အထက်အရာရှိက နှိပ်စက်တဲ့ဒဏ်ကို မခံနိုင်သောကြောင့် မခံချင်စိတ်နဲ့ ထွက်လာတာ။ အလင်းဝင်ရောက်လာတဲ့သူက စစ်မှုထမ်း တပ်သား သစ် မဟုတ်ပါဘူး။ သန္ဓေတပ်သားပါ။ ကျန်တဲ့ စစ်ကောင်စီတပ်သားများလည်း စဉ်းစားချင့်ချိန်ပြီး လာရောက်ပေါင်းစေချင်ပါတယ်။ မိမိတို့အဖွဲ့အစည်းက လည်းနွေးထွေးစွာကြိုဆိုလျက်ရှိကြောင်း အသိပေးချင်တယ်”ဟု Wolf Guerrilla LPDF Ye.U Air Force သတင်းပြန်ကြားရေးတာ၀န်ခံ ရဲဘော် ကိုညိုက ပြောဆိုသည်။
အလင်းဝင်လိုသော စစ်ကောင်စီတပ်သားများကို Wolf Guerrilla LPDF Ye.U အဖွဲ့က နွေးထွေးစွာ ကြိုဆိုလျက်ရှိပြီး လိုအပ်သော အကူအညီများ ပေးအပ်သွားမည်ဖြစ်ကြောင်း၊ အလင်း၀င်ရန်အတွက် ဖေ့ဘုတ်စ်စာမျက်နှာမှတစ်ဆင့် လာရောက်ပြောကြားနိုင်ကြောင်း Wolf Guerrilla LDF Ye.U Air Force အဖွဲ့က အသိပေးနှိုးဆော်ထားသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar





