30 C
Yangon

ဝက်လက်ရှိ ကျေးရွာများကို စစ်တပ်က ဒီဇင်ဘာလအတွင်း လေကြောင်းဖြင့် ဗုံးကျဲ မှု သံဃာတော် ၂ ပါး အပါအဝင် ပြည်သူ ၂၈ ဦးသေဆုံး

Must read

ရန်ကုန်၊ ဇန်နဝါရီ ၁

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က ဒီဇင်ဘာလအတွင်း လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် သံဃာတော် ၂ ပါး အပါအဝင် ပြည်သူ ၂၈ ဦးသေဆုံးကာ ၄၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း Wetlet Informational Network တာဝန်ခံ ကိုမုန်တိုင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

“ဝက်လက်မြို့နယ် အရှေ့‌ခြမ်းက ရွာတွေကို စစ်ခွေးတွေက ဒီဇင်ဘာလ အတွင်း လေယာဉ်၊ Gyrocopter ၊ အ သေခံ ဒရုန်းတွေနဲ့ ၁၄ ကြိမ်တိတိ တိုက်ခိုက်ခဲ့တယ်။ စစ်ခွေးတွေ လေကြောင်း တိုက်ခိုက်မှုအတွင်း သံဃာတော် ၂ ပါး ပျံလွန်တော်မူပြီး ပြည်သူ အမျိုးသား နဲ့ အမျိုးသမီး ၂၆ ဦးသေဆုံးတယ်။ ထိခိုက်ဒဏ်ရာရတဲ့ ပြည်သူ ၄၀ ကျော် လည်းရှိတယ်။ နောက်ပြီး နေအိမ်တွေ ကားတွေကော မီးလောင် ပျက်စီးတယ်” ဟု Wetlet Informational Network တာဝန်ခံ ကိုမုန်တိုင်းက ပြောဆိုသည်။

ဒီဇင်ဘာလ ၂ ရက်နေ့တွင် ဝက်လက်မြို့နယ် အရှေ့ခြမ်း နတ်မှော်ဦးရွာကို တံတားဦးလေတပ်မှ တက်လာသော ဂျက်ဖိုက်တာ ၁ စီးက လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းကြောင့် ပြ‌ည်သူ ၅ ဦးသေဆုံးကာ ၅ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၅ လုံး ပျက်စီးခဲ့ကြောင်း၊ ဒီဇင်ဘာလ ၁၃ ရက်နေ့တွင် ဝက်လက်မြို့နယ် အရှေ့မြောက်ခြမ်း ထုံးဘိုရွာ တောင်ဘက် သန်းကုန်းတောတိုက် အနီးကို စစ်တပ်က ဂျက်ဖိုက်တာ ၂ စီးဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ၄ ဦးသေဆုံးပြီး ၁၀ ဦး ထိခိုက်ဒဏ်ရာရကာ နေအိမ် ၈လုံး ပျက်စီးခဲ့ကြောင်း သိရှိရသည်။

ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် ဝက်လက်မြို့နယ်နှင့် ရွှေဘိုမြို့နယ်အစပ်ကို စစ်တပ်က ဂျက်ဖိုက်တာ ၄ စီး၊ Gyrocopter ၃ စီးဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ ပြည်သူ ၃ ဦးနှင့် သံဃာတော် ၁ ပါး သေဆုံးခဲ့ပြီး ကား ၃ စီး မီးလောင်ကာ ကား ၃ စီး ဗုံးစထိမှန် ပျက်စီးခဲ့ကြောင်း၊ ဒီဇင်ဘာလ ၁၇ ရက်နေ့တွင် ဝက်လက်မြို့နယ် အရှေ့ခြမ်း ဆည်တောရွာထဲသို့ မိတ္ထီလာလေတပ်မှ တက်လာသော J-Fighter ၁ စီးက လေကြောင်းတိုက်ခိုက်ခဲ့ရာ ပြည်သူ ၄ ဦး သေဆုံးပြီး ၅ ဦး ထိခိုက်ဒဏ်ရာရရှိကာ ကား ၃ စီးနှင့် နေအိမ် ၃ လုံးလည်း ပျက်စီးခဲ့ကြောင်း သိရသည်။

ဒီဇင်ဘာလ ၁၈ ရက်နေ့တွင် ဝက်လက်မြို့နယ် အရှေ့ခြမ်း သစ်ဆိပ်ရွာထဲ စစ်တပ်က အသေခံဒရုန်း ၂ စီးဖြင့် လေကြောင်း တိုက်ခိုက်ခဲ့ရာ သံဃာ ၁ ပါး သေဆုံးပြီး ကလေး ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ဒီဇင်ဘာလ ၁၉ ရက်နေ့တွင် ဝက်လက်မြို့နယ် အရှေ့မြောက်ခြမ်း ထုံးဘိုရွာ တောင်ဘက် သန်းကုန်းတောတိုက်ထဲသို့ တံတားဦးလေတပ်မှ တက်လာသော ဂျက်ဖိုက်တာ ၁ စီးက ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ ပြည်သူ ၃ ဦးထိခိုက်ဒဏ်ရာရပြီး နေအိမ်တချို့ ပျက်စီးခဲ့ကြောင်း သိရှိရသည်။

ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် ဝက်လက်မြို့နယ် အရှေ့ခြမ်း ငါးပတ်ချာင်းရွာကို မိတ္ထီလာလေတပ်မှ တက်လာ‌သော အကြမ်းဖက် စစ်တပ်၏ ဂျက်ဖိုက်တာ ၁ စီးက ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ ပြည်သူအမျိုးသား ၂ ဦး နှင့် အမျိုးသမီး ၅ ဦး သေဆုံးခဲ့ပြီး ၆ ဦးထိခိုက်ဒဏ်ရာရရှိကာ၊ ကား ၄ စီးနှင့် နေအိမ် ၄ လုံးပျက်စီးခဲ့ကြောင်း၊ ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် ဝက်လက်မြို့နယ် အရှေ့မြောက်ခြမ်း ထုံးဘို‌ရွာ တောင်ဘက် သန်းကုန်းတောတိုက်အနီးကို အကြမ်းဖက် စစ်တပ်၏ ဂျက်ဖိုက်တာ ၁ စီးဖြင့် လေကြောင်း တိုက်ခိုက်ခဲ့ရာ ထိခိုက် ပျက်စီးမှုမရှိကြေငါ်း သိရသည်။

ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် ဝက်လက် အရှေ့ခြမ်း ကမ်းဖြူ မုဒ်ပေါက်အနီး အမှတ်-၃ ကားလမ်းအနောက်ဘက် အနီးနှင့် ဝက်လက်မြို့နယ် အရှေ့မြောက်ခြမ်း ထုံးဘိုရွာ တောင်ဘက် သန်းကုန်းနားအနီးကို တံတားဦးလေတပ်မှ တက်လာသော J-Fighter ၂ စီးက ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ ထိခိုက်မှုမရှိကြောင်း၊ ဒီဇင်ဘာလ ၂၉ ရက်နေ့တွင် ဝက်လက်မြို့ အနောက်ဘက် လိန်ပင်ရွာကို တံတားဦး လေတပ်မှ တက်လာသော ဂျက်ဖိုက်တာ ၁ စီးက လေကြောင်းတိုက်ခိုက်ခဲ့ရာ ပြည်သူအမျိုးသမီး ၂ ဦး သေဆုံးပြီး အမျိုးသမီး ၃ ဦးနှင် အမျိုးသား ၁ ဦး ထိခိုက်ဒဏ်ရာရပြီး နေအိမ်များ မီးလောင်ခဲ့ကြောင်း သိရှိရသည်။

ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် ဝက်လက်မြို့နယ် အရှေ့ခြမ်း သစ်ဆိပ်ရွာ အနောက်ဘက်တောထဲနှင့် ဝက်လက်မြို့နယ် အရှေ့ခြမ်း သစ်ဆိပ်ရွာ အနောက်ဘက် တောထဲကို တံတားဦးလေတပ်မှ တက်လာသော ဂျက်ဖိုက်တာ ၁ စီးနှင့် Mi-35 ၁ စီးတို့က ဗုံးကျဲ ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ပြည်သူများထိခိုက်မှုမရှိကြောင်း၊ ဒီဇင်ဘာလ ၃၁ ရက်နေ့တွင်လည်း ဝက်လက်မြို့နယ် အရှေ့ခြမ်း သစ်ဆိပ်စုံ မြောက်ဘက်ကို စစ်တပ်က အသေခံ ဒရုန်း ၂ စီးဖြင့် လေကြောင်းတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထို့ပြင် ဝက်လက်မြို့နယ် အရှေ့မြောက်ခြမ်းကို မင်းကွန်းမြို့မှ ထွက်လာသော အင်အား ၁၅၀ ပါ စစ်ကြောင်းနှင့် ကျောက်မြောင်း ခမရ-၁၂ တပ်ရင်းက ထွက်လာသော အင်အား ၂၀၀ ပါ စစ်ကြောင်းက ကျေးရွာများကို တစ်ပြိုင် နက်တည်း စစ်ကြောင်းထိုးနေ၍ ထုံးဘိုရွာ ၊ ရှားကွဲရွာ ၊ ရေဂမိုးရွာ ၊ရွာသစ်ရွာ၊ လှေပို့ဆိပ်ရွာ၊ သစ်ဆိပ့်ရွာ၊ ကူကြီးရွာ၊ ငါးပတ်ချောင်းရွာ၊ သရက်ပင်ရွာ ၊ ရေလည်မော်ရွာ ၊ မှော်ဦးရွာ၊ ကမ်းဖြူ ရွာ၊ ရွာသာရွာ ၊ မင်းရွာတောင်ရွာ၊ အင်ဒေါင်းရွာ ၊ ရှိမ်းမကားရွာ၊ ငါးရယ်ရွာ ၊ ဆည်တောရွာ ၊ ငါးတိုက်တောင်ရွာ တို့မှ သောင်းနှင့်ချီသော ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article