23 C
Yangon

ကျွန်းစုမြို့နယ်တွင် စစ်တပ်က ကျေးရွာ ၆ ခုကို ဝင်ရောက်စီးနင်းပြီး ပြည်သူ ၂ ဦးဖမ်းဆီးကာ အဖိုးပစ္စည်းများအားလုံးကို ခိုးယူလုယက်

Must read

ရန်ကုန်၊ ဇန်နဝါရီ ၁

တနင်္သာရီတိုင်း၊ ကျွန်းစုမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က ကျေးရွာ ၆ ခုကို ဝင်ရောက်စီးနင်းပြီး ပြည်သူ ၂ ဦးဖမ်းဆီးကာ ပစ္စည်းအားလုံးကို ခိုးယူဖျက်ဆီးသွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

ဒီဇင်ဘာလ ၂၃ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်မှ စတင်ပြီး ပန်းဇင်ရွာ၊ မိုင်းတွေးရွာ၊ မောင်းလှော်ရွာ၊ သဲအော်ရွာ၊ ရေကန်အော်ရွာ၊ ရင်ကမ်းအော်ရွာနှင့် မင်းခေါင်းဆေးရွာမှ စစ်သားနှင့် ပျူစောထီးများ ပူးပေါင်းထားသော အင်အား ၇၀ ခန့်ပါ စစ်ကြောင်းသည် မိုင်းတွေးရွာတွင် လူစုပြီး စက်လှေ ၃ စီးဖြင့် ကျောက်ကုန်းကျေးရွာအတွင်းသို့ စစ်ကြောင်းထိုး ဝင်ရောက်လာခဲ့ကြောင်း သိရသည်။

အဆိုပါစစ်တပ်စစ်ကြောင်းက မဲတောရွာ၊ အုတ်ဖိုးမော်ကျေးရွာ၊ ချောင်းကြီးဝရွာ၊ ကျောက်ပိတ်ရွာ၊ ကျောက်ကုန်းရွာနှင့် ကော့ခနင်းရွာတို့ကို ဝင်ရောက် စီးနင်းပြီး အမျိုးသမီး အတွင်းခံပါ မကျန် ပစ္စည်းအားလုံးကို ခိုးယူခဲ့ကြောင်း၊ ဒီဇင်ဘာလ ၂၉ ရက်နေ့တွင်မူ စစ်တပ်က တော့ချောင်းကြီးဝရွာမှ ပြည်သူပိုင် နေအိမ် ၁ လုံးကို ဝင်ရောက် စီးနင်းပြီး ငွေကျပ် သိန်း ၂၀၀ ကျော်၊ ရွှေထည် ပစ္စည်း တချို့ အပါအဝင် စက်လှေများကိုပါ ယူဆောင်သွားကြောင်း သိရှိရသည်။

ထို့ပြင် အကြမ်းဖက် စစ်တပ်က ကျောက်ကုန်းရွာမှ ကိုမိုးငယ်နှင့် ကော့ခနင်းရွာမှ ကိုချေးပိုး တို့ကိုလည်း ဖမ်းဆီးသွားကြောင်း၊ ကျေးရွာအတွင်းတွင် စစ်သားများက ၎င်းတို့ ယူဆောင်လိုခြင်းမရှိသော ပစ္စည်းများကိုလည်း စိတ်ကြိုက် ဖျက်ဆီးသွားကြောင်း သိရသည်။

“စစ်ခွေးနဲ့ ပျူစောထီးတွေက မိုင်းတွေးမှာ စုပြီးတော့ ကျောက်ကုန်းကျေးရွာကို စစ်ကြောင်းထိုးဝင်လာတာ လှေ ၃ သုံးစီးနဲ့ အင်အားက ၇၀ လောက်ရှိတယ်။ ပျုုစောထီးတွေက အိမ်ထဲမှာရှိတဲ့ ပစ္စည်းမှန်သမျှ အကုန်မွှေနှောက် ရိုက်ချိုးသွားတာ အမျိုးသမီး အတွင်းခံတောင်မကျန်ဘူး အကုန်လုံးကိုခိုးယူတာ ဘာမှမကျန်အောင်ကို ယူသွားတာ တော့ချောင်းကြီးဝရွာက ပြည်သူတစ်ယောက်အိမ်မှာတော့ ငွေကျပ် သိန်း ၂၀၀ ကျော်နဲ့ ရွှေသားတချို့ ပါသွားသေးတယ်။ လှေနဲ့ စက်တွေပါ ယူသွားတာ နောက်ပြီးတော့ ကျောက်ကုန်းရွာနဲ့ ကော့ခနင်းရွာက ပြည်သူ ၂ ဦးကိုလည်း စစ်ခွေးတွေက ဖမ်းသွားတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article