မန္တလေးမြို့ပေါ်တွင် ညအချိန် ဆေးလိပ်ထွက်ဝယ်စဉ် ပေါ်တာဆွဲဖမ်းဆီးခံရသော အသက် ၁၈ နှစ်အရွယ် စစ်မှု ထမ်း တပ် သားသစ် ၁ ဦးက သေနတ် ၁ လက်ယူဆောင်လာပြီး အလင်းဝင်ရောက်ခဲ့ကြောင်း ဓူဝံ ပြည်သူ့ကာ ကွယ်ရေးအဖွဲ့ ရေဦး DU WON People’s Defense group Ye.U မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။
ဇန်နဝါရီလ ၁ ရက်နေ့ ကန့်ဘလူမြို့နယ်၊ ချင်မြစ်ကျင်းပျူစောထီး အထိုင်စခန်းမှ စစ်မှုထမ်းတပ်သားသစ် ၁ ဦးသည် G3 သေနတ် ၁ လက်၊ ကျည်ဘောက် ၅ ခု၊ ကျည်ကာ ၁ စုံတို့ယူဆောင်လာပြီး ဓူဝံ ပြည်သူ့ကာကွယ်ရေးအဖွဲ့ ရေဦး DU WON People’s Defense group Ye.U ထံသို့ ဆက်သွယ်ကာ အလင်းဝင်ရောက် လာခဲ့ကြောင်း၊ ထိုသို့ လက်နက်ခဲယမ်းများပါ ယူဆောင်လာသောကြောင့် အဆိုပါ အလင်းဝင် တပ်သားကို ဂုဏ်ပြုဆုငွေ ကျပ်သိန်း ၅၀ ချီးမြှင့်ထားကြောင်းသိရှိရသည်။
အလင်းဝင်လာသော စစ်မှုထမ်းတပ်သားသစ်မှာ မန္တလေးမြို့ပေါ်တွင် ညအချိန်ဆေးလိပ် ထွက်ဝယ်စဉ် အကြမ်း ဖက် စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီးခံခဲ့ရသူဖြစ်ကြောင်း၊ ယင်းသို့ ဖမ်းဆီးခံရပြီးနောက် စစ်သင်တန်းကျောင်းသို့ ပို့ဆောင်ခံရကာ ကန့်ဘလူမြို့ နယ်၊ ချင်မြစ်ကျင်းပျူစောထီး အထိုင်စခန်းသို့ စစ်မှုထမ်းတပ်သားသစ်အဖြစ် ရောက် ရှိလာခြင်းဖြစ်ကြောင်း၊ ၎င်းကို လက်ရှိချိန်တွင် မိသားစုဝင်များထံ ပြန်လည် လွှဲပြောင်းပေးရန် လုပ် ဆောင်နေကြောင်း သိရသည်။
“သူက အသက် ၁၈ နှစ်ပဲရှိသေးတယ်။ မန္တလေးမြို့ပေါ်မှာ ပေါ်တာဆွဲခံရတာပါ။ သူက တပ်ရင်း တပ်ဖွဲ့ရယ်လို့ မဟုတ်ဘူး။ သူက ကျွန်တော်တို့ ကန့်ဘလူနယ်မှာဆိုရင် ပြည်သူ့စစ်ရွာတွေရှိတာကို အဲဒီ ပြည်သူ့စစ်ရွာတွေကို အပို့ခံရတဲ့ စစ်မှုထမ်း တပ်သားသစ်ပါ။ သူက ကန့်ဘလူမြို့နယ်က ချင်းမြစ်ကျင်းဆိုတဲ့ ပျူစောထီးစခန်းကနေ ထွက်ပြေးလာတာပါ။ မန္တလေးမြို့ပေါ်မှာ ညအချိန် ဆေးလိပ်မရှိ ဆေးလိပ်ဆင်းဝယ်ရာကနေ စစ်ခွေးတွေ ပေါ်တာဆွဲခံရတာပါ။ လက်ရှိမှာ အလင်းဝင်ရောက်လာတဲ့သူကို ဂုဏ်ပြုဆုငွေ ဆုငွေ ကျပ်သိန်း ၅၀ ချီးမြှင့်ထားပါတယ်”ဟု ဓူဝံ ပြည်သူ့ကာကွယ်ရေးအဖွဲ့ ရေဦး DU WON People’s Defense group Ye.U မှ တာဝန်ရှိသူက ပြောဆိုသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar




