36 C
Yangon

ဘီးလင်းမြို့နယ်တွင် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ ၃ ဦး သေဆုံး၊ ကသာမြို့ဝန်းကျင်ကိုလည်း စစ်တပ်က လေကြောင်းတိုက်ခိုက်သဖြင့် ၁ ဦးသေဆုံး

Must read

ရန်ကုန်၊ ဇန်နဝါရီ ၂

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ အလူးကလေးကျေးရွာအတွင်းသို့ စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက် ကြီးဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ ၃ ဦး သေဆုံးခဲ့ကြောင်း ကရင်စစ်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့ ဇန်နဝါရီလ ၂ ရက်နေ့ နံနက် ၈ နာရီခန့်အချိန် ဘီးလင်းမြို့နယ်၊ အလူးကလေးကျေးရွာဘက်သို့ အကြမ်း ဖက်စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ ကျိုက်တဲမုခ်ဝရှေ့သို့ ကျရောက်ပေါက်ကွဲပြီး အလူးကလေးကျေးရွာသား ဦးသန်းနိုင်၊ ဒေါ်သန်းဌေးနှင့် အထပ်သား ဝန်ထမ်းတစ်ဦး စုစုပေါင်း ၃ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

“ဒီနေ့မနက် ၈ နာရီက အထပ်သားဘေး ကျိုက်တဲမုခ်ဝရှေ့ကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ လက်နက်ကြီးနဲ့ လှမ်းပစ်တာ။ အလူးရွာသား နှစ်ဦးဖြစ်တဲ့ ဦးသန်းနိုင်၊ ဒေါ်သန်းဌေး တို့ နှစ်ဦး သေ တယ်၊ ပြီးတော့ အထပ်သားဝန်ထမ်းတစ်ဦးလည်းသေတယ်။ စုစုပေါင်း ၃ ဦးသေတာ” ဟု ဒေသ သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အလားတူ ယနေ့ ဇန်နဝါရီလ ၂ ရက်နေ့ နံနက်အစောပိုင်း စစ်တပ်က ကသာမြို့ပတ်ဝန်းကျင်ကို လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်သဖြင့် ကျောင်း ၁ ဦး သေဆုံးပြီး ပြည်သူ ၂ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသပြည်သူများက ပြောဆိုသည်။

ယနေ့ နံနက် ၁ နာရီဝန်းကျင်အချိန် ကသာမြို့ပတ်ဝန်းကျင် မော်လူးနယ်၊ ရွာရှည်ကျေးရွာသို့ စစ်တပ်က လေကြောင်းတိုက်ခိုက်သဖြင့် စာသင်ကျောင်းနှင့် ဆေးခန်း ထိမှန်ပြီး ၁ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရရှိခြင်းဖြစ်ကြောင်း သိရှိရသည်။

“သေဆုံးသူက ကျောင်းသား ၁ ဦးပါ။ ကျန်တာတွေကလည်း ကျောင်းသားတွေပဲ။ အဆောက်အအုံတွေလည်း ရစရာ မရှိအောင် ပျက်စီးပါတယ်” ဟု ဒေသပြညသူတစ်ဦးက ပြောဆိုသည်။

လတ်တလော ဒီဇင်ဘာလ ၂၈ ရက်နေ့ ညနေပိုင်းမှစတင်ပြီး ကသာမြို့သိမ်းတိုက်ပွဲမှာ ပြင်းထန်နေကာ စစ်တပ်က လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက် လုပ်ဆောင်နေကြောင်း သိရှိရသည်။

ဓာတ်ပုံ – ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၄ ရက်နေ့ စစ်တပ်၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဘီးလင်းမြို့နယ်၊ အလူကြီး အနောက်ဘက်ကမ်းရှိ ခတ္တာရွာ ဘုန်းကြီးကျောင်း တွင် ကျရောက်ပေါက်ကွဲပြီး ပြည်သူ ၃ ဦးသေဆုံးခဲ့စဉ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article