30 C
Yangon

Khit Thit သတင်းဌာန၏ ဇန်နဝါရီ ၅ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဇန်နဝါရီ ၅ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

  • စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွက်ခဲ့ကြတဲ့ အနုပညာရှင်တွေကို စစ်တပ်ဘက်တော် သားတွေနဲ့အတူ တစ်တန်းတစ်စားတည်း ဘွဲ့တွေ မင်းအောင်လှိုင်က ဖောဖောသီသီပေး အပ်လိုက် တာက ပြည်သူနဲ့ရန်တိုက်ပေးတာလို့ တော် လှန်ရေးနဲ့ဆက်နွယ်နေတဲ့ ပြည်တွင်း အနုပညာရှင်အသိုင်း အ၀ိုင်းက ပြောဆိုပါတယ်။
  • ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဖမ်းဆီးအကျဉ်းချခံထားရတဲ့ အတိုက်အခံခေါင်းဆောင်တွေ တစ်ဦးမှ မပါဝင်တဲ့ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ကို အကြမ်းဖက်စစ်တပ်ဟာ မနေ့က ထုတ်ပြန်ခဲ့ပြီး အကျဉ်းသူ၊ အကျဉ်းသား ၆၀၀၀ ကျော်ကို လွှတ်ပေးခဲ့ပါတယ်။
  • ချင်းပြည်နယ်၊ ဖလမ်းမြို့ကို စစ်ကြောင်းထိုးလာတဲ့အကြမ်းဖက် စစ်တပ်ကို ကြားဖြတ် တိုက်ခိုက်ရာ စစ်သား ၁၀ ဦးသေဆုံးပြီး စစ်သုံ့ပန်း ၂ ဦး ဖမ်းမိကာ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ CNA စစ်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကိုပြောပါတယ်။
  • အမေရိကန်က ဖမ်းဆီးလိုက်တဲ့ သမ္မတ နီကိုးလပ်စ် မာဒူရို နဲ့ ဇနီးဖြစ်သူ စီလီယာ ဖလောရက်စ် တို့ကို နယူးယောက် မြို့ကို ခေါ်ဆောင်လာပြီး မူးယစ်ဆေးဝါးမှု၊ လက်နက်မှု အပါအဝင်ရာဇဝတ်မှု တွေနဲ့ တရားစွဲဆိုမဲ့သတင်းအပါအဝင် မနက်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article