25 C
Yangon

ဆားလင်းကြီးမြို့နယ်၊ မတောင့်တရွာ တိုက်နယ်ဆေးရုံကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲမှု ဆရာဝန် ၁ ဦးနှင့် ပြည်သူ ၂ ဦးသေဆုံး

Must read

ရန်ကုန်၊ ဇန်နဝါရီ ၅

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ မတောင့်တရွာ တိုက်နယ်ဆေးရုံးကို အကြမ်းဖက် စစ်တပ်က Gyrocopter ဖြင့် ဗုံးကျဲချသဖြင့် ဆရာဝန် ၁ ဦးနှင့် ပြည်သူ ၂ ဦးသေဆုံးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယမန်နေ့ ဇန်နဝါရီလ ၄ ရက်နေ့ မွန်းလွဲပိုင်းတွင် မုံရွာမြို့နယ် နမခ မှ တက်လာသော အကြမ်းဖက် စစ်တပ်၏ Gyrocopter ၃ စီးက ဆားလင်းကြီးမြို့နယ်၊ မတောင့်တရွာ တိုက်နယ်ဆေးရုံကို ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှုအတွင်း ဆေးရုံအဆောင်ပေါ် ကျရောက်ပေါက်ကွဲခဲ့သောကြောင့် ဆရာဝန် ၁ ဦးနှင့် ပြည်သူ ၂ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

“ဆားလင်းကြီး မတောင်းတရွာ တိုက်နယ်ဆေးရုံကို စစ်ခွေးတွေက Gyrocopter ၃ စီးနဲ့ ဗုံးကျဲ တိုက်ခိုက်သွားတာ ဆေးရုံဆောင်ပေါ် ဗုံးကျရောက် ပေါက်ကွဲလို့ ဆရာဝန် ၁ ဦးနဲ့ ပြည်သူ ၂ ဦးသေဆုံးတယ်လို့ သိရတယ်။ ထိခိုက်ဒဏ်ရာရတဲ့ သူတွေလည်းရှိပါတယ်။ ဒဏ်ရာရ အရေအတွက်တော့ အတည်မပြုနိုင်သေးဘူး” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

အလားတူ မြောက်ဦးမြို့ ပြည်သူ့ဆေးရုံကြီးကိုလည်း အကြမ်းဖက် စစ်တပ်က ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် ဂျက်ဖိုက်တာ ၁ စီးဖြင့် ပေါင် ၅၀၀ ဗုံး ၂ လုံးဖြင့် ကျဲချ တိုက်ခိုက်ခဲ့သောကြောင့် ၃ လသားအရွယ် မိန်းကလေး ၁ ဦး အပါအဝင် အမျိုးသား ၁၆ ဦး၊ အမျိုးသမီး ၁၇ ဦး စုစုပေါင်း ၃၃ ဦး ပွဲချင်းပြီး သေဆုံးခဲ့ပြီး ပြည်သူ ၇၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထို့ပြင် နိုဝင်ဘာလပိုင်းကလည်း ကနီမြို့နယ် ဝင်မနားရွာ ဆေးရုံကို အကြမ်းဖက် စစ်တပ်က ဗုံးကျဲ တိုက်ခိုက်ခဲ့သောကြောင့် ပြည်သူ ၈ ဦးသေဆုံးပြီး ၂၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်က ဆေးရုံ၊ စာသင်ကျောင်းနှင့် ကျေးရွာများကို ပစ်မှတ်ထား ဗုံးကျဲ တိုက်ခိုက်နေသောကြောင့် ပြည်သူများ သတိပြုသွားလာနေထိုင်ကြရန် တော်လှန်ရေးအင်အားစုများက အသိပေးပြောဆိုထားသည်။

ဓာတ်ပုံ – အကြမ်းဖက်စစ်တပ်၏ တိုက်ခိုက်မှုများကြောင့် မီးလောင်ပျက်စီးမှုများဖြစ်ပေါ်နေစဉ်။ (ပုံအဟောင်းကို အသုံးပြုထားပါသည်။)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

အကြမ်းဖက်စစ်တပ်၏ တိုက်ခိုက်မှုများကြောင့် မီးလောင်ပျက်စီးမှုများဖြစ်ပေါ်နေစဉ်။ (ပုံအဟောင်းကို အသုံးပြုထားပါသည်။)
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article