ချင်းပြည်နယ်၊ ဟားခါးမြို့နယ်သို့ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲချခဲ့ရာ ကလေးငယ် ၂ ဦးနှင့်မိခင်ဖြစ်သူ သေဆုံးပြီးနောက် ဖခင်ဖြစ်သူ ရရှိဒဏ်ရာ ပြင်းထန်မှုကြောင့် ကွယ်လွန်သွားပြီဖြစ်ကြောင်း CNA စစ်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယမန်နေ့ ဇန်နဝါရီလ ၄ ရက်နေ့ ည ၁၂ နာရီဝန်းကျင်အချိန် ချင်းပြည်နယ်၊ ဟားခါးမြို့နယ်၊ ဟောတာ(Halta)ရွာ
နှင့် ဟိုင်ဖိုင် (HaiPhai) ကျေးရွာတို့ကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဖြင့် ဗုံးကျဲချခဲ့ကြောင်း၊ ထိုသို့ ဗုံးကျဲမှုကြောင့် ဟောတာ(Halta)ရွာရှိ နေအိမ်ပေါ်သို့ ဗုံးကျရောက်ပေါက်ကွဲခဲ့ပြီး ကလေးငယ် ၂ ဦးနှင့် မိခင်ဖြစ်သူ စုစုပေါင်း ၃ ဦးသေဆုံးသွားခဲ့ကြောင်း၊ ဖခင်ဖြစ်သူမှာလည်း ဒဏ်ရာ အပြင်းအထန်ရရှိပြီးနောက် ယနေ့ နေ့လယ်ပိုင်းတွင် ရရှိထားသော ဒဏ်ရာများဖြင့်ပင် ကွယ်လွန်သွားကြောင်း သိရှိရသည်။
“ကလေးအဖေလည်း ဆုံးသွားပြီ။ ဒီနေ့လယ်မှာ ဆုံးတယ်။ သူရထားတဲ့ ဒဏ်ရာက ပြင်းတာရယ်ကြောင့်” ဟု CNA သတင်းမြစ်က ပြောဆိုသည်။
သေဆုံးသွားသော သားအမိ ၃ ဦးကိုလည်း သဂြိုလ်ပြီးစီးခဲ့ပြီး ဖခင်ဖြစ်သူကိုလည်း ယနေ့တွင်ပင် သဂြိုလ်မည်ဖြစ်ကြောင်း သိရှိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar






