24 C
Yangon

မြိုင်နှင့်ပေါက်မြို့နယ်တို့တွင် စစ်တပ် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းတိုက်ခိုက်မှု နေအိမ်အများအပြား ပျက်စီး

Must read

ရန်ကုန်၊ ဇန်နဝါရီ ၅

မကွေးတိုင်း၊ မြိုင်မြို့နယ် ရွာသစ်ကုန်းရွာသို့ အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းတိုက်ခိုက်ရာ နေအိမ်များ ပျက်စီးခဲ့ကြောင်း မြိုင်ဒေါင်းမင်း မြေပြင်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

ယမန်နေ့ ဇန်နဝါရီလ ၄ ရက်နေ့ ည ၁၁နာရီ ၁၆ မိနစ်ခန့်အချိန် တံတားဦးလေတပ်မှ တက်လာသော တိုက်လေ ယာဉ် ၁ စီးက မြိုင်မြို့နယ် ရွာသစ်ကုန်းရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဗုံး ၂လုံးဖြင့် ကျဲချတိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါ လေကြောင်းတိုက်ခိုက်မှုအတွင်း ပြည်သူများ ထိခိုက်ဒဏ်ရာရခြင်းမရှိဘဲ နေအိမ်များ ပျက်စီးခဲ့ကြောင်းသိရှိရသည်။

“စစ်ခွေးတွေ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းတိုက်ခိုက်ခဲ့တာပါ။ ပြည်သူတွေ ထိခိုက်ဒဏ်ရာရတာမျိုးမရှိဘဲ နေအိမ် ၂လုံးပျက်စီးသွားတယ်။ မနေ့က ည ၁၁နာရီ ၁၆မိနစ် လောက်မှာ ဗုံးကျဲသွားတာပါ”ဟု မြိုင်ဒေါင်းမင်း မြေပြင်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ တာဝန်ရှိသူကပြောဆိုသည်။

အလားတူ မကွေးတိုင်း၊ ပေါက်မြို့နယ်နှင့် မြိုင်မြို့နယ်အစပ် လက်ပံတို ရေနံမှော်ဒေသကို အကြမ်းဖက် စစ်တပ် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းတိုက်ခိုက်ရာ နေအိမ်များပျက်စီးခဲ့ကြောင်း ပေါက်မြို့နယ်ကာကွယ်ရေးအဖွဲ့မှ ကိုလရောင်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

ယနေ့ ဇန်နဝါရီလ ၅ ရက်နေ့တွင် မွန်းလွဲပိုင်းတွင် မုံရွာမြို့ အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ တက်လာသော ဂျိုင်ရိုကော်ပတာ ၃ စီးဖြင့် ပေါက်မြို့နယ်နှင့် မြိုင်မြို့နယ် အစပ်ရေနံမှော်ကို ဗုံးများ ကျဲချတိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါလေ ကြောင်းတိုက်ခိုက်မှုအတွင်း နေအိမ်များ ပျက်စီးခဲ့ကြောင်း သိရှိရသည်။

“စစ်ခွေးတွေ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းတိုက်ခိုက်ခဲ့တာပါ။ ပေါက်/မြိုင်အစပ် လက်ပံတို ရေနံမှော်ဒေသကို ကျဲတာ ပြည်သူတွေ ထိခိုက်ဒဏ်ရာ ရတာမျိုးမရှိဘဲ ​နေအိမ်တွေ ပျက်စီးသွားတယ်။ ဗုံး ၂လုံးနဲ့ ၂ ကြိမ်လာကျဲသွားတာပါ။ ” ဟု ပေါက်မြို့နယ်ကာကွယ်ရေးအဖွဲ့မှ ကိုလရောင်က ပြောဆိုသည်။

အလားတူ ဒီဇင်ဘာလ ၂၂ ရက်နေ့ကလည်း မုံရွာမြို့ အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ တက်လာသော Gyrocopter ၃ စီးဖြင့် ပေါက်မြို့နယ်နှင့် မြိုင်မြို့နယ် အစပ်ရေနံမှော်ကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေ ကြောင်း တိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါ လေ ကြောင်းတိုက်ခိုက်မှုအတွင်း ပြည်သူပိုင်နေအိမ်များ မီးလောင်ပျက်စီးခဲ့ကြောင်းသိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article