25 C
Yangon

Khit Thit သတင်းဌာန၏ ဇန်နဝါရီ ၅ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဇန်နဝါရီ ၅ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

  • အကြမ်းဖက် မင်းအောင်လှိုင်က သူ့ရဲ့ထုံးစံအတိုင်း ဒေါ်အောင်ဆန်းစုကြည် နဲ့ NLD ပါတီကို အပြစ်တင် အပုတ်ချပြောဆိုမှုတင်မက ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD ပါတီက ၂၀၂၀ ရွေးကောက်ပွဲမှာ မဲမသမာမှု ကျူးလွန်တယ်ဆိုတဲ့ စွပ်စွဲချက်တွေကို အခြေခံပညာနဲ့ တက္ကသိုလ် သင်ရိုးညွှန်းတမ်းတွေမှာပါ ထည့်သွင်းသင်ကြားဖို့ မင်းအောင်လှိုင်ကိုယ်တိုင် ညွန်ကြားနေပြန်တယ်လို့ နေပြည်တော် စစ်တပ်သတင်းရင်း မြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
  • အကြမ်းဖက် စစ်တပ်က လက်လွှတ်ထားရတဲ့ ရှမ်းပြည်နယ်‌မြောက်ပိုင်းက ကိုးကန့် MNDAA သိမ်းပိုက် ထိန်းချုပ်ထားတဲ့ ချင်းရွှေဟော် နယ်စပ်ကုန်သွယ်ရေးဂိတ်ကနေတဆင့် တရုတ်နိုင်ငံကို နေ့စဉ် ကုန်ကား အစီး ၂၀၀ ကျော် သွားရောက်ကုန်သွယ်နေပြီး ကုန်စည်စီးဆင်းမှု မြင့်တက်နေတယ်လို့ ကိုးကန့် MNDAA က တရားဝင် သတင်းထုတ်ပြန်ထားပါတယ်။
  • မကွေးတိုင်း၊ အောင်လံမြို့နယ်မှာ အကြမ်းဖက် စစ်တပ်လက်အောက်ခံ ခရိုင်ပညာရေးမှူးရုံးက Non CDM စာရေး မိုးဌေးခိုင် ဆိုသူကို မူးယစ်ဆေးဝါး တွေနဲ့အတူ တော်လှန်ရေးတပ်တွေက အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ သရက်ခရိုင် PDF အမှတ် ၂ တပ်ရင်းရဲ့ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
  • အမေရိကန်က ဗင်နီဇွဲလားသမ္မတကို ဖမ်းဆီးပြီးတဲ့နောက် ဒိန်းမတ်ပိုင် ဂရင်းလန်းကျွန်းကို သိမ်းယူဖို့ ဆန္ဒရှိကြောင်း ထပ်မံပြောဆိုလာတဲ့အတွက် ဒိန်းမတ်ဝန်ကြီးချုပ် က အမေရိကန်သမ္မတ ထရမ့်ကို ဒီလိုခြိမ်းခြောက်မှုတွေ ရပ်တန့်ဖို့ ဇန်နဝါရီလ ၄ ရက်နေ့မှာ ပြန်လည်ပြောဆိုလိုက်တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article