ဒီကနေ့ ဇန်နဝါရီ ၇ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- ကချင်ပြည်နယ်မှာ စစ်ကောင်မရှင်က ပြန်လည်စတင်ဖို့ပြင်ဆင်နေတဲ့ မြစ်ဆုံစီမံကိန်းနဲ့ပတ်သက်ကာ စစ်တပ်နဲ့ချုပ်ဆိုတဲ့စာချုပ်ဟာအတည်မဖြစ်ဘဲ ဧရာဝတီမြစ်ကြီး ထာဝရစီးဆင်းနိုင်ရေးအတွက် အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ တော်လှန်ရေးမဟာမိတ်တွေ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ NUG ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောပါတယ်။
- လေတပ်ကနေ အနားပေးလိုက်တဲ့ စစ်ဦးစီးအရာရှိချုပ်(လေ) ဒုတိယဗိုလ်ချုပ်ကြီး ဇော်ဝင်းမြင့်ကို တရုတ်နိုင်ငံသံအမတ်ကြီးအဖြစ် မင်းအောင်လှိုင်က မနေ့က ခန့်အပ်လိုက်တယ်လို့ စစ်တပ်က သတင်းထုတ်ပြန်လိုက်ပါတယ်။
- ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့က ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်နဲ့ ၈လေးလုံးအမှတ်တရ ကျောက်တိုင်ရှိတဲ့ပန်းခြံမှာ လူနေဆိုင်ခန်းတွဲတွေ တည်ဆောက်ဖို့ စစ်ကော်မရှင်က ပြင်ဆင်နေတယ်လို့ ဒေသပြည်သူတွေက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
- အမေရိကန်ပြည်ထောင်စုက ရွှေ့ပြောင်းအခြေချသူတွေကို ဖယ်ရှားရေးအစီအစဉ်ရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် အမေရိကန်မှာ ခိုလှုံခွင့်တောင်းခံတဲ့မြန်မာအပါအဝင် နိုင်ငံတကာကလာရောက်သူတွေကို ဒိုမီနီကာကျွန်းနိုင်ငံကို ပို့ဆောင်မယ့်သဘောတူညီချက်ကို အမေရိကန်နဲ့ ဒိုမီနီကာနိုင်ငံတို့အကြား တနင်္လာနေ့ (ဇန်နဝါရီ ၅ ရက်) မှာ ရရှိခဲ့တဲ့ သတင်းအပါအဝင် မနက်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar




