မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ လေးအိမ်တန်းရွာရှိ အကြမ်းဖက် စစ်တပ်၏ ရွှေညောင်ပင်ဂိတ်စခန်းကို ဝင်ရောက် တိုက်ခိုက်ရာ စစ်သား ၁၀ ဦး သေဆုံးပြီး စစ်သုံ့ပန်း ၂ ဦး အရှင်ဖမ်းမိခဲ့ကြောင်း မြင်းခြံခရိုင် OneMore စစ်ကြောင်းမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဇန်နဝါရီလ ၆ ရက်နေ့ နံနက် ၅ နာရီခန့်တွင် မြင်းခြံမြို့နယ်၊ လေးအိမ်တန်းကျေးရွာရှိ အကြမ်းဖက် စစ်တပ်၏ ရွှေညောင်ပင် ဂိတ်စခန်းတွင် ဘန်ကာ အခိုင်မာများဖြင့် တည်ဆောက် အထိုင်ချထားသော စစ်တပ်ကို OneMore စစ်ကြောင်း မှ ဦးဆောင်၍ မဟာမိတ် တပ်ဖွဲ့ တပ်ရင်းများနှင့်အတူ ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဂိတ်စခန်းကို ဝင်ရောက်တိုက်ခိုက်နေစဉ် မြင်းခြံမြို့ပေါ်မှ စစ်ကူ စစ်ကြောင်းများ ရောက်ရှိလာသောကြောင့် တိုက်ပွဲထပ်မံ ဖြစ်ပွားကာ မီတာ ၁၅၀ ခန့် အကွာတွင် အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း၊ ယင်းတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ မျက်မြင် စစ်သား ၇ ဦးသေဆုံးခဲ့ပြီး ၅ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို ထိခိုက်ဒဏ်ရာရရှိသူများထဲမှ ၃ ဦးသည် ထပ်မံသေဆုံးခဲ့ကြောင်း သိရှိရသည်။
ထို့ပြင် လေးအိမ်တန်းကျေးရွာရှိ အကြမ်းဖက် စစ်တပ်၏ ရွှေညောင်ပင် ဂိတ်စခန်းကို ဝင်ရောက်တိုက်ခိုက်မှုအတွင်း စစ်တပ် အလိုကျ လိုက်ပါလုပ်နေဆောင်ပေးနေသူ ၂ ဦးကိုလည်း အရှင် ဖမ်းမိခဲ့ကြောင်း၊ ယင်းတိုက်ပွဲသည် ၃ နာရီကျော်ကြာမြင့်ခဲ့ပြီး မြင်းခြံမြို့ရှိ ဂိတ်များအနက်မှ အချက်ခြာကျသော ဂိတ်တစ်ခုဖြစ်သောကြောင့် တော်လှန်ရေးတပ်ဖွဲ့များ ခဲယမ်း လုံလောက်မှုမရှိ၍ ပြန်လည် ဆုတ်ခွာခဲ့ရကြောင်း သိရသည်။
“လေးအိမ်တန်းရွာမှာရှိတဲ့ စစ်ခွေးတွေရဲ့ ရွှေညောင်ပင်ဂိတ်စခန်းနဲ့ မြင်းခြံမြို့ထဲကနေလာတဲ့ စစ်ခွေး စစ်ကြောင်းကို ကျနော်တို့ ကြားဖြတ် တိုက်ခိုက်ခဲ့တာပါ။ ကျနော်တို့ တိုက်ခိုက်မှုအတွင်းမှာ စစ်ခွေး ၁၀ ကောင်သေပြီးတော့ အရှင်ဖမ်းမိတာ ၂ ကောင်ရှိတယ်။ တိုက်ပွဲကြာလာတော့ ခဲယမ်း လုံလောက်မှုမရှိလို တော်လှန်ရေး ရဲဘော်တွေ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ပါတယ်” ဟုမြင်းခြံခရိုင် OneMore စစ်ကြောင်းမှ တာဝန်ရှိသူက ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို မြင်းခြံခရိုင်Onemore စစ်ကြောင်းနှင့်အတူ မြင်းခြံခရိုင် တပ်ရင်း ၂ ၊ မိုရှည်ဒါးယမ်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ မြင်းခြံခရိုင်တပ်ရင်း၉ ၊ YLK ရေလည်ကျွန်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် အမေ့လက်ရုံး( ရေလည်ကျွန်း)ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar






