27 C
Yangon

သိမ်ဇရပ်တွင် စစ်တပ် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်မှု စစ်သား ၁၀ ဦးသေဆုံးပြီး စစ်သား ၂ ဦးအလင်း ဝင်၊ ပေါင်းတည်နှင့် ရေဦးတို့တွင်လည်း စစ်တပ်ကို မိုင်းဆွဲမှု စစ်သား ၁ ဦးသေဆုံး

Must read

ရန်ကုန်၊ ဇန်နဝါရီ ၇

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်ရာ စစ်သား ၁၀ ဦးသေဆုံးပြီး ၂ ဦးအလင်းဝင်ရောက်ခဲ့ကြောင်း Southern Eagle PDF မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဒီဇင်ဘာလ ၂၆ ရက်နေ့ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့ အတွင်းကျင်းပပြုလုပ်မည့် အတုအယောင် ရွေးကောက်ပွဲကို လုံခြုံရေးပေးရန် စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်တပ်၏ တပ်မ ၄၄ လက်အောက်ခံ ခမရ ၃ တပ် ရင်းမှ တပ်ရင်းမှူး၊ ဒုတပ်ရင်းမှူးဦးဆောင်လာသည့် အင်အား ၁၀၂ ဦးပါ စစ်ကြောင်းကို တော်လှန်ရေး တပ်ဖွဲ့များက ၉ ကြိမ် ကြားဖြတ် တိုက်ခိုက်ခဲ့ကြောင်း၊ ထိုတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား ၁၀ ဦး ထက်မနည်းသေဆုံးကာ အများအပြား ထိခိုက် ဒဏ်ရာရရှိခဲ့ပြီးနောက် စစ်ကြောင်းသည် သိမ်ဇရပ်မြို့ဘက်သို့ ပြန်လည် ဆုတ်ခွာသွားကြောင်း၊ ထိုသို့ တိုက်ပွဲဖြစ်ပွားရာ နေရာများကို အမတ ၃၁၀ တပ်ရင်းက လက်နက်ကြီးများဖြင့် ရမ်းသမ်း ပစ်ခတ်ခဲ့သောကြောင့် ကျိုက်ထိုမြို့နယ် ဂွေ့ကြီးရွာရှိ ဈေးသည် အမျိုးသမီး ၁ ဦးကို လက် နက်ကြီးကျည် ထိမှန်‌ခဲ့ပြီး သေဆုံးခဲ့ကြောင်း သိရှိသည်။

ထို့ပြင် ဒီဇင်ဘာလ ၂၇ ရက်နေ့ အဆိုပါ စစ်တပ် စစ်ကြောင်းနှင့် အတူ လိုက်ပါလာသော စစ်မှုထမ်း တပ် သားသစ် ၂ ဦးက MA-1 သေနတ် ၂ လက်နှင့် ခဲယမ်းတချို့ ယူဆောင်လာပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်များထံသို့ အလင်းဝင်ရောက်လာခဲ့ကြောင်းသိရသည်။

“စစ်ခွေး သေစာရင်းက ထပ်တိုးသေဆုံးတာမျိုးရှိနိုင်တယ်။ အထိအခိုက်ကတော့ ဒီကောင်တွေများသွားတယ်။ စစ်ခွေးဘက်က ခမရ ၃ ဘက်ကို ပြန်ဆုတ်သွားတာဖြစ်နိုင်တယ်။ အလင်းဝင်ရောက်လာတဲ့သူ ၂ ဦးက လည်း တပ်မ ၄၄ လက်အောက်ခံ ခမရ ၃ တပ်ရင်းကပါ”ဟု Southern Eagle PDF မှ တာဝန်ရှိသူက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် ၁ စစ်ဆင်ရေးနယ်မြေ ၊ အထူးတိုင်းစစ်ဌာန၊ နည်းဗျူဟာ (၃၆) ကွပ်ကဲမှုအောက်ရှိ Southern Eagle PDF တပ်ရင်း၊ ပူးပေါင်းမဟာမိတ် KNLA နှင့် ဒေသ ကာကွယ်ရေး တပ်ဖွဲ့များက လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အလားတူ ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦးသေဆုံးခဲ့ကြောင်း ၃၆၀၁ တပ်ရင်း စစ်ထောက်လှမ်းရေးနှင့် သတင်းပြန်ကြားတာဝန်ခံ ရဲဘော် Shadow က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၄ ရက်နေ့ နံနက် ၉ နာရီကျော်ခန့်အချိန် ပေါင်းတည်မြို့နယ်၊ ပေါက်တောရွာ ခမရ ၁၀ တပ်ရင်းမှ အင်အား ၄၀ ခန့်ပါ စစ်ကြောင်းသည် နယ်မြေရှင်းလင်းရေး လုပ်ဆောင်ရန် ထွက်လာစဉ် ပေါက်တောရွာနှင့် အဂ္ဂရာပြည်ကွက်သစ် အကြားတွင် ဗျူဟာ ၂၁ ကွက်ကဲမှုအောက်ရှိ ပြည်ခရိုင် အမှတ် ၁ ၃၆၀၁တပ်ရင်း တပ်ခွဲ ၅ က မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း၊ ထိုတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်သား ၁ ဦး သေဆုံးကာ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ တိုက်ခိုက်မှုအတွင်း သေဆုံးသွားသော စစ်သား အလောင်းနှင့် ဒဏ်ရာရသူများကို စစ်တပ်က ပြန်လည် သယ်ဆောင်သွားပြီး ပေါက်တောရွာရှိ ခမရ ၁၀ တပ်ရင်းထဲကို ဝင်ရောက်သွားကြောင်း သိရသည်။

“ကျနော်တို့ မိုင်းဆွဲ တိုက်ခိုက်မှုမှာ စစ်ခွေး ၁ ကောင် သေပြီး ၂ ကောင်ကတော့ ပြင်းထန်ဒဏ်ရာရပါတယ်။ စစ်ခွေးတွေဘက်က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပြန်လည် ပစ်ခတ်ခဲ့ပေးမည့် တော်လှန်ရေးရဲဘော်တွေ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ပါတယ်” ဟု ၃၆၀၁ တပ်ရင်း စစ်ထောက်လှမ်းရေးနှင့် သတင်းပြန်ကြားတာဝန်ခံ ရဲဘော် Shadow က ပြောဆိုသည်။

ထို့ပြင် စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်မြောက်ပိုင်း ရွာသစ်ရွာအနီး အကြမ်းဖက် စစ်တပ် ရှေ့ပြေးကင်းကို မိုင်းဆွဲ တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိကြောင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့- ရေဦးမြို့နယ် ပကဖ တာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

ဇန်နဝါရီလ ၆ ရက်နေ့ ည ၈နာရီဝန်ကျင်းခန့်တွင် ရေဦးမြို့နယ် မြောက်ပိုင်း ရွာသစ်ရွာအနီးသို့ ထွက်လာသည့် အင်အား ၂၀ ခန့်ပါ စစ်တပ် ရှေ့ပြေးကင်းကို တော်လှန်ရေး တပ်ဖွဲ့များက ရေဦးမြို့အဝင် ဆိုင်းဘုတ်အနီးအရောက်တွင် မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း၊ ထိုတိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးဘဲ တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

“စစ်ခွေး​ သေစာရင်း မသိရသေးဘူး။ စစ်ခွေးတွေဘက်က ရှေ့ဆက်တိုးနေတာမို့လို့ မိုင်းကွင်းထဲရောက်မှ မိုင်းဆွဲခဲ့တာပါ။ ကျနော်တို့ မြို့နယ်ပကဖ စိုးမိုးနယ်မြေအတွင်း နယ်မြေလုံခြုံရေးကို အကောင်းဆုံးဆောင်ရွက်နေတာကို သိစေချင်တာပါ”ဟု ပြည်သူ့ကာကွယ်ရေးအဖွဲ့- ရေဦးမြို့နယ် ပကဖ တာဝန်ခံက ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article