ဒီကနေ့ ဇန်နဝါရီ ၇ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ညောင်ကျိုးတိုက်ပွဲမှာ အာရက္ခတပ်တော်-AA ကွန်မန်ဒိုတပ်ဖွဲ့ရဲ့ လက်ချက်နဲ့ စကခ ၁၀ တပ်မမှူး ဗိုလ်မှူးကြီး ဟန်လင်းအောင် နှင့်အတူ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး ၁ ဦး၊ ဗိုလ်ကြီး ၁ ဦး တို့ပါ သေ ဆုံးသွားခဲ့တယ်လို့ စစ်တပ်သတင်းရင်းမြစ်နှင့် CDM ဗိုလ်ကြီး ဇင်ယော်က ရန်ကုန်ခေတ်သစ်ကိုပြောပါတယ်။
- မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ ကုကုန်းကျေးရွာက အကြမ်းဖက်စစ်တပ်သားတွေကို ၂ ကြိမ် တိုက် ခိုက်ခဲ့တာကြောင့် စစ်သား ၇ ဦး ထက်မနည်းသေဆုံးခဲ့ တယ်လို့ Myingyan Blcak Tiger – MBT တပ်ဖွဲ့ခေါင်း ဆောင် ဗိုလ်မိုက်ခဲက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
- ရှမ်းပြည်နယ်၊ တောင်ကြီး အားကစားကွင်းပတ်လည်မှာ တည်ဆောက်ထားတဲ့ ဆိုင်ခန်း နဲ့ တိုက်ခန်း တွေ အမြန်ဖယ်ရှား ဖယ်ရှားရှင်းလင်းဖို့ စစ်တပ်လက်အောက်ခံ မြို့နယ်အုပ်ချုပ်ရေး အဖွဲ့ကထုတ်ပြန် ထားပြီး စစ်အုပ်တပ် က အင်အားသုံးရှင်းလင်းမှာ ဆိုင်ခန်းပိုင်ရှင်တွေ စိုးရိမ်နေတယ်လို့ သိရှိရပါတယ်။
- အမေရိကန်ပြည်ထောင်စုထဲကို ဝင်ရောက်ဖို့ ဗီဇာလျှောက်ထားတဲ့အခါ အမေရိကန်ဒေါ်လာ ၅,၀၀၀ ကနေ ၁၅,၀၀၀ အထိ အာမခံကြေး (Bond) ပေးဆောင်ရမယ့် နိုင်ငံစာရင်းထဲကို အာဖရိက ၅ နိုင်ငံအပါအဝင် နိုင်ငံသစ် ၇ နိုင်ငံကို ထရမ့်အစိုးရက ထပ်မံထည့်သွင်းလိုက်တဲ့ သတင်းအပါအဝင် နေ့လယ်ခင်းသတင်း တွေကို တင်ဆက်ပေးပါမယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar




