ကရင်နီပြည်၊ လွိုင်ကော်မြို့နယ်နှင့် ဒီးမော့ဆိုမြို့နယ်အကြား နေပြည်တော်သို့ သွယ်တန်းထားသော လျှပ်စစ် ဓာတ်တိုင်များကို ပြင် ဆင်ရန် လုံခြုံရေးယူနေသည့် စစ်တပ်ကို စနိုက်ပါဖြင့် ပစ်ခတ်တိုက် ခိုက်ခဲ့ရာ စစ်သား ၄ ဦးသေဆုံးခဲ့ကြောင်း ကရင်နီတော်လှန်ရေး စစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ဇန်နဝါရီလ ၄ ရက်နေ့ လွိုင်ကော်မြို့နယ်နှင့် ဒီးမော့ဆိုမြို့နယ်အကြား လက်နက်ကြီး ထိမှန် ပျက် စီးနေသည့် လျှပ်စစ်ဓာတ်တိုင်ကို စစ်ကော်မရှင်တပ်က လုံခြုံရေးအပြည့်ယူကာ ပြင်ဆင်ခဲ့ ကြောင်း၊ ထိုသို့ လုံခြုံရေးအပြည့်ယူကာ တက်ပြင်နေသည့် စစ်တပ်ကို ကရင်နီတော် လှန်ရေးတပ်ဖွဲ့ဝင် များက စနိုက်ပါဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ လျှပ်စစ်ဓာတ်တိုင် တက်ပြင်နေသည့် စစ်သား ၄ ဦး သေ ဆုံးခဲ့ကြောင်း သိရသည်။
“လုံခြုံရေးအပြည့်ယူပြီး ဓာတ်တိုင်တက်ပြင်နေတဲ့အချိန် စနိုက်ပါနဲ့ချောင်းပစ်ခဲ့တာပါ။ လုံခြုံရေး အပြည့်ယူထားတဲ့ကြားထဲကနေ ဓာတ်တိုင်ပေါ်တက်ပြင်နေတဲ့ စခတွေကို ပစ်ချခဲ့တာ။ မီတာ ၅၀၀ ၊ ၆၀၀ လောက်အကွာအဝေးကနေ ပစ်ခဲ့တာ” ဟု ကရင်နီ တော်လှန်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
အဆိုပါ ပျက်စီးနေသော လျှပ်စစ်ဓာတ်တိုင်သည် လွိုင်ကော်မြို့နယ်၊ လောပိတရေအားလျှပ်စစ် စက်ရုံမှ နေပြည် တော်အထိ သွယ်တန်းထားသော လျှပ်စစ်ဓာတ်တိုင်ဖြစ်ပြီး ၂၀၂၂ ခုနှစ် ၊ ဖေဖော်ဝါရီလ ကတည်းက လက်နက်ကြီးထိမှန်ကာ ပျက်စီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar




