ဒီကနေ့ ဇန်နဝါရီ ၇ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- မြန်မာ့အရေး ဖြေရှင်းဖို့အတွက် ဒေါ်ဆောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေအားလုံး ချွင်းချက်မရှိ ပြန်လွှတ်ပေးဖို့ဆိုတဲ့အချက်ပါဝင်တဲ့ အာဆီယံဘုံသဘောတူညီချက် ၅ ချက်ကို အကောင် အထည်ဖော်ဖို့ အာဆီယံဥက္ကဋ္ဌသစ် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးက မင်းအောင်လှိုင်ကို တွေ့ဆုံ ဆွေးနွေးခဲ့တယ်လို့ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်လာပါတယ်။
- နေပြည်တော်ကနေ ထွက်လာတဲ့ အကြမ်းဖက် စစ်တပ် ယာဉ်တန်းကို တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ခိုက်မှုအတွင်း စစ်တပ်ဘက်က ကားတွေပါ မှောက်သွားတဲ့အထိဖြစ်သွားတဲ့အပြင် စစ်တပ်တပ်ဖွဲ့ဝင် ၈ ဦးလည်း အသီးသီးသေကုန်ကြရုံတင်မက လက်နက်ခဲယမ်းအချို့ကိုပါ သိမ်းဆည်းရရှိထားတယ်လို့ နတ်မောက်ဂဠုန် PDF အဖွဲ့ ရဲ့ ဗိုလ်အောင်ဒင်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
- ပဲခူးတိုင်းထဲက ရန်ကုန်-ပြည်လမ်းမ ပေါ်မှာရှိတဲ့ အကြမ်းဖက် စစ်တပ်စခန်းကို တော်လှန်ရေးတပ် တွေက ဒီကနေ့ မနက်အစောပိုင်းမှာ ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့အတွက် တိုက်ပွဲတွေဖြစ်ပွားတဲ့အချိန် ယာဉ်အသွားအလာတွေ ယာယီရပ်ဆိုင်းသွားပြီး ကား ရာနဲ့ချီ ပိတ်မိခဲ့တယ်လို့ မင်းလှမြို့နယ်အခြေစိုက် တော်လှန်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
- တရုတ်နိုင်ငံက ဂျပန်နိုင်ငံကို စစ်ဘက်သုံးနိုင်တဲ့ ကုန်ပစ္စည်းတွေနဲ့ မြေရှားသတ္တု တင်ပို့မှုကို ပိတ်ပင်လိုက်တဲ့အတွက် နှစ်နိုင်ငံတင်းမာမှု အရှိန်မြင့်တက်နေတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar




