ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့ရှိ ပြည်နယ်အားကစားကွင်းပတ်ပတ်လည်ရှိ ဈေးဆိုင်ခန်း များ၊ တိုက် ခန်းများကို စစ်ကော်မရှင်က လျှပ်စစ်မီးများဖြတ်တောက်ပစ်ပြီး အတင်းအကြပ်ဖယ်ရှား ခိုင်းနေကြောင်း ဆိုင်ခန်းပိုင်ရှင်များက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ဇန်နဝါရီလ ၅ ရက်နေ့ သက်ဆိုင်ရာ တိုက်ခန်းပိုင်ရှင်များ၊ ဆိုင်ခန်းပိုင်ရှင်များထံသို့ စစ်ကော်မရှင် လက်အောက်ခံ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးက စာထုတ်ပြန်ပြီး ရက်ပိုင်းအတွင်းဖယ်ရှားပေးရန် ဖိအားပေးနေကြောင်း၊ အလားတူ ဒီဇင်ဘာလ ၃ ရက်နေ့ကလည်း ထပ်မံ၍ စာထုတ်ကာ စာထုတ်အကြောင်းကြားကာ ယခု အခါ လျှပ်စစ်မီးများပါ ဖြတ်တောက်ပစ်လိုက်ပြီဖြစ်ကြောင်း သိရသည်။
“မဖယ်ပေးဘူးဆိုရင် အင်အားသုံးဖျက်ဆီးမယ့်သဘောပဲ။ လျှပ်စစ်မီးတွေဖြတ်ထားပြီ။ တနည်းမဟုတ် တ နည်းနည်းနဲ့ ထွက်အောင်လုပ်နေတာ။ အားကစားဝန်ကြီး လက်အောက်က Non-CDM တွေကလည်း အထက်က စာကျလာလို့ဆိုပြီး ပြည်သူတွေကို လိုက်ပြီး ဖိအားပေးနေတယ်၊ အမြန်ဖျက်ခိုင်းတာ ပေါ့၊” ဟု ဒေသနေပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ထိုသို့ ဖျက်ဆီးပေးရမည့် နေအိမ်၊ တိုက်ခန်းနှင့် ဆိုင်ခန်းများသည် လွန်ခဲ့သော နှစ်ပေါင်း ၃၀ ကျော် ကတည်းက တည်ဆောက်ထားခြင်းဖြစ်ကာ ဆိုင်ခန်း၊ တိုက်ခန်းပေါင်း ၂၀၀ ကျော်ရှိကြောင်း၊ ဈေး နှုန်းသက်သာသော နေရာဖြစ်သဖြင့် ပင်စင်စား မိ သားစုများ၊ ဝန်ထမ်းမိသားစုများ အများဆုံးနေ ထိုင်ကြပြီး ဆိုင်ကယ်အပိုပစ္စည်းဆိုင်နှင့် ပုံနှိပ်လုပ်ငန်းလုပ်ကိုင်သူများလည်းရှိကြောင်း သိရသည်။
အဆိုပါ ပြည်နယ်အားကစားကွင်းအား နိုင်ငံတကာအဆင့်မီ အားကစားကွင်း၊ အားကစားရုံ၊ ရေကူး ကန်နှင့် လူ ငယ်ရေးရာစင်တာ (Youth Center) တည်ဆောက်မည်ဖြစ်ကြောင်း တောင်ကြီးမြို့နယ် အုပ်ချုပ်ရေး အဖွဲ့၏ အကြောင်းကြားစာတွင် ဖော်ပြထားသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar




