ပဲခူးတိုင်း၊ ဇီးကုန်းမြို့နယ်၊ မီးကောက်ပင်ရွာရှိ ပျူစောထီး စခန်းကို ဝင်ရောက် တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၄ ဦးသေဆုံးပြီး စစ်သုံးပစ္စည်းများကို မီးရှို့ရှင်းလင်းခဲ့ကြောင်း သာယာဝတီခရိုင်၊ တပ်ရင်း ၃၈၀၁ ၊ တပ်ခွဲ ၁ (YOMA GBK PDF) မှ တပ်ခွဲမှူး ကိုကရင်လေးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဇန်နဝါရီလ ၇ ရက်နေ့ နံနက် ၅ နာရီခန့်တွင် ဇီးကုန်မြို့နယ်၊ မီးကောက်ပင်ကျေးရွာ၌ ပျူစောထီး အင်အား ၃၀ ခန့်ဖြင့် အထိုင်ချတပ်စွဲထားသောစခန်းကို တော်လှန်ရေးတပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း၊ ထို တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ် ဘက်မှ ၄ ဦး သေဆုံးကာ ၅ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ပျူစောထီးများ စခန်းစွန့်ခွာထွက်ပြေးသွားကြောင်း သိရသည်။
ထိုသို့ စခန်းစွန့်ခွာ ထွက်ပြေးသွားပြီးနောက် တော်လှန်ရေးတပ်ဖွဲ့များက စခန်းအတွင်းမှ ရရှိသော စစ်ဝတ်စုံများနှင့် စစ်အသုံးအဆောင် ပစ္စည်းတချို့ကို သိမ်းဆည်ရရှိပြီး မီးရှို့ရှင်းလင်းကာ ပြန်လည် ဆုတ်ခွာခဲ့ကြောင်း၊ ထို ပျူစောထီးစခန်းသည် ပြည်သူများအပေါ် အတင်းအဓမ္မ မဲထည့်ခိုင်ခြင်း၊ မတရားစစ်မှုထမ်း ငွေကျေးကောက်ခံခြင်းနှင့် ပြည်သူများအပေါ် ဖိနှိပ်ချုပ်ချယ်ခြင်းများ ပြုလုပ်နေခြင်းကြောင့် ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း တပ်ခွဲမှူး ကိုကရင်လေးက ရှင်းပြသည်။
“မီးကောက်ပင်ကျေးရွာ ပျူစောထီးစခန်းကို ဝင်ရောင်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲ ကြာချိန်က ၁ နာရီလောက်ပဲကြာတယ်။ ကျနော်တို့ တိုက်ခိုက်မှုအတွင်း စစ်ခွေးနဲ့ပျူခွေး ၄ ကောင်သေပြီး ၅ ကောင်ကတော့ ထိခိုက်ဒဏ်ရာရတယ်။ စစ်ခွေးတွေ အထိနာပြီး ထွက်ပြေးသွားတော့ ကျနော်တို့ သိမ်းဆည်းရရှိတဲ့ ပစ္စည်းတွေကို မီးရှို့ရှင်းလင်းပြီး ပြန်လည် ဆုတ်ခွာခဲ့တယ်” ဟု သာယာဝတီခရိုင်၊ တပ်ရင်း ၃၈၀၁ ၊ တပ်ခွဲ ၁ (YOMA GBK PDF) မှ တပ်ခွဲမှူး ကိုကရင်လေးက ပြောဆိုသည်။
အဆိုပါတိုက်ခိုက်မှုကို ဗျူဟာ ၂၂ လက်အောက်ရှိ သာယာ၀တီခရိုင် တပ်ရင်း (၁) တပ်ခွဲ -၁ YOMA (GBK) တပ်ဖွဲ့မှ ဦးဆောင်၍ တပ်ခွဲ (5) သာယာဝတီ ခရိုင် တပ်ရင်း (၂) တပ်ခွဲ -၁ သာယာဝတီခရိုင် တပ်ရင်း (၂) BTZM GBK တပ်ဖွဲ့နှင့် သာယာဝတီခရိုင်ပကဖ သာယာဝတီခရိုင် ဒရုန်းတပ်ဖွဲ့ ဇီးကုန်မြို့နယ် ပကဖ တပ်ဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar




