ရန်ကုန်၊ ဇန်နဝါရီ ၈
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ပိုက်တဲကုန်းကျေးရွာအနီး ကင်းပတ်ထွက်လာသော စစ်တပ်ကို တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦး သေဆုံးပြီး လက်နက်ခဲယမ်းများသိမ်းဆည်းရရှိခဲ့ကြောင်း Myingyan Black Tiger – MBT တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ကြားသည်။
ဇန်နဝါရီလ ၆ ရက်နေ့ ည ၈ နာရီခန့်အချိန် မြင်းခြံမြို့အနောက်ဘက် ပိုက်တဲကုန်းကျေးရွာအနီးသို့ ကင်း ပတ် ထွက်လာသော စစ်တပ်ကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဝင်များက ကြားဖြတ် တိုက် ခိုက်ခဲ့ရာ စစ်သား ၃ ဦး သေဆုံးပြီး MA1 အမျိုးအစား သေနတ် ၁ လက်၊ ခဲယမ်းအချို့နှင့် လက်ကိုင် ဖုန်းတစ်လုံးပါ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
“ခန့်မှန်းခြေ ၁၀ ယောက်ပဲရှိမယ်။ ကင်းပတ်ထွက်လာတာပါ။ သိမ်းမိခဲ့တဲ့ လက်ကိုင်ဖုန်းက လော့ဖွင့် မရသေးလို့ အချက်အလက်တွေ မရသေးဘူး။ု လက်ရှိအနေအထားမှာ စစ်ရေးရော ၊ နိုင်ငံရေးရော အနိမ့်အမြင့် အတက် အကျဆိုတာ ရှိ တယ်။ သာတဲ့အချိန်မှာ အောင်ပွဲတွေခံခဲ့တယ်။ ပျော်ရွှင်ခဲ့ရတယ်။ နိမ့်တဲ့အချိန်မှာတော့ အားလုံး စိတ်ဓာတ်ကျကြရတယ်။ အဲဒါကြောင့် စိတ်ဓာတ်မကျကြပါနဲ့လို့ အားပေးချင်ပါတယ်။ ကျနော်တို့ ရှေ့ကို တစ်လက်လှမ်းတက်ဖို့ အကောင်းဆုံး အားယူတဲ့အချိန်လို့ သတ်မှတ်ပေးပါ၊ ကျနော်တို့ အကောင်းဆုံး ကြိုးစားနေပါတယ်” ဟု Myingyan Black Tiger – MBT တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ကြားသည်။
အဆိုပါတိုက်ခိုက်မှုကို Myingyan Black Tiger (MBT) မြင်းခြံခရိုင်အမှတ် ၉ တပ်ရင်းနှင့်အတူ MGN အညာ သားပြောက်ကျားတပ်တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
အလားတူ ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်တွင် ရွေးကောက်ပွဲ အပိုင်း ၂ ပြုလုပ်ရန် ပြင်ဆင်နေသည့် ကျေးရွာ ၂ ခုကို ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း နေပြည်တော်တိုင်း ဗျူဟာ 19 မှ ရဲဘော်သမန်းကျားက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။
ဇန်နဝါရီလ ၇ ရက်နေ့ ည ၉ နာရီခန့်တွင် နေပြည်တော် တိုင်းစစ်ဌာန ဗျူဟာ ၁၉ မှ ရဲဘော်များက ရေတာရှည်မြို့နယ်တွင် အကြမ်းဖက် စစ်တပ်က ရွေးကောက်ပွဲ အပိုင်း ၂ ပြုလုပ်ရန် ပြင်ဆင်နေသည့် ဆင်ဂွေကျေးရွာနှင့် ကူးတို့ကုန်းကျေးရွာတို့ကို အသံမိုင်းများဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
“ကျနော်တို့ တိုက်ခိုက်ခဲ့တာက ရေတာရှည် မြို့နယ် ဆင်ဂွေကျေးရွာကို အသံမိုင်း ၃ လုံးနဲ့ ကူးတို့ကုန်း ကျေးရွာကိုအသံမိုင်း ၂ လုံးဖောက်ခွဲ တိုက်ခိုက်တယ်။ အဲလိုတိုက်ခိုက်တာက ၁၁ ရက်နေ့မှာ စစ်ခွေးတွေက အတုယောင် ရွေးကောက်ပွဲကို ပြုလုပ်ဖို့ ပြင်ဆင်နေတဲ့ အတွင် သတိပေးဖောက်ခွဲ တိုက်ခိုက်တာပါ။ ပြည်သူတွေအနေနဲ့လည်း အကြမ်းဖက် စစ်ခွေးတွေနဲ့ ဝေးရာမှာ နေပေးကြပါလို့ မေတ္တာရပ်ခံ တောင်းပန်အပ်ပါတယ်” ဟု နေပြည်တော်တိုင်း ဗျူဟာ ၁၉ မှ ရဲဘော်သမန်းကျားက ပြောဆိုသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar







