ဒီကနေ့ ဇန်နဝါရီ ၈ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- ကြမ်းဖက် မင်းအောင်လှိုင်က သူ့လက်အောက်ခံ စစ်ဗိုလ်ချုပ်တွေကို အငြိမ်းစားပေးပြီး အမေရိကန်၊ တရုတ် နဲ့ ရုရှားသံအမတ် အပါအဝင် အရေးပါတဲ့ သံအမတ်ကြီး နေရာတွေမှာ အဆက်မပြတ် ခန့်အပ်နေပြန်တယ်လို့ နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောထားလသို ၊ CDM ဗိုလ်ကြီးဇင်ယော်ကလည်း ပြောထားပါတယ်။
- တစညပါတီရဲ့ ဂုဏ်သိက္ခာ ထိခိုက်အောင် ရေးသားခဲ့တဲ့ ကြံ့ဖွတ်ပါတီက ဘူးလက်လှဆွေကို တိုင်ကြားပေမယ့် စစ်တပ်လက်အောက်ခံ UEC က အရေးယူမှု မရှိဘူးလို့ ကြံ့ဖွတ်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
- မန္တလေးတိုင်း၊ တောင်သာမြို့မှာရှိတဲ့ အကြမ်းဖက် စစ်တပ် တပ်စွဲထားရာ ဝန်ထမ်းအိမ်ရာဝင်းကို တော်လှန်ရေးတပ်တွေက ဝင်ရောက်တိုက်ခိုက်ပြီး အဆောက်အအုံနဲ့ စစ်အသုံးအဆောင်ပစ္စည်းတွေပါ မီးရှို့ရှင်းလင်းခဲ့သလို စစ်သား ၂ ဦးလည်း ပစ်ခတ်မှုအတွင်းမှာတင် သေကုန်ကြတယ်လို့ မြင်းခြံခရိုင် PDF အမှတ် ၃ တပ်ရင်းရဲ့ ဒုတပ်ရင်းမှူး ကိုမင်းသားကြီးက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
- အမေရိကန်ပြည်ထောင်စု၊ မင်နီယာပိုးလစ်မြို့မှာ အမေရိကန် လူဝင်မှုကြီးကြပ်ရေးတပ်ဖွဲ့ ဖြစ်တဲ့ -ICE အဖွဲ့က တရားမဝင် ဝင်ရောက်သူကို ဖမ်းဆီးမှုအတွင်း အမေရိကန်နိုင်ငံသူ အမျိုးသမီး ၁ ဦးကို ပစ်ခတ်သတ်ဖြတ်လိုက်တဲ့ သတင်းအပါအဝင် နေ့လယ်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar




