ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ၊ မောက်မယ်မြို့နယ်တွင် နေ့စဉ်တိုက်ပွဲဖြစ် ပွားလျက်ရှိပြီး စစ်သား ၂၀ ဦးထက်မနည်းသေဆုံးကာ လူသားဒိုင်းကာအဖြစ် အသုံးပြုခံရသည့် ရွာ သား ၂ ဦးကို ကယ်တင်နိုင်ခဲ့ကြောင်း PNLA သတင်းနှင့်ပြန်ကြားရေး တာဝန်ရှိသူ ခွန်းရိန်းယံက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ဇန်နဝါရီလ ၁ ရက်နေ့မှ ယနေ့အထိ မောက်မယ်မြို့နယ်၊ ဟိုနန်းဒေသနှင့် ကဒူးကြီးဒေသတို့ဘက်သို့ အကြမ်းဖက်စစ်တပ် လက်အောက်ခံ ခရိုနီနေဝင်းထွန်းဦးဆောင်သော PNOတပ်ဖွဲ့က ဒေသနေပြည်သူများ ကို လူသားဒိုင်းကာအဖြစ်အသုံးပြုကာ စစ်ကြောင်းထိုးဝင်ရောက်လာသဖြင့် နေ့စဉ်တိုက်ပွဲဖြစ်ပွား နေခြင်းဖြစ်ကြောင်း၊ ယင်းတိုက်ပွဲများအတွင်း စစ်သား ၂၀ ဦးထက်မနည်းသေဆုံးကာ အလောင်း ၁ လောင်းနှင့်လက်နက် ၁ လက်ကို သိမ်းဆည်းရရှိထားကြောင်း သိရသည်။
“တိုက်ပွဲကတော့ နေ့တိုင်းဖြစ်တယ်၊ ဇန်နဝါရီလ ၁ ရက်နေ့ကနေ ဒီနေ့အထိ တိုက်ပွဲတွေက ဖြစ်ပွား နေဆဲဖြစ်ပါတယ်။ အဓိကတော့ ကျနော်တို့က တောထဲမှာပဲ နေထိုင်တာဖြစ်ပါတယ်။ သူတို့က ကျ နော်တို့နေထိုင်တဲ့တောတောင်တွေထဲအထိ ထိုးစစ်မလုပ်လာရင်တော့ တိုက်ပွဲဖြစ်စရာ အကြောင်း မရှိပါဘူး။ အဓိက ဒီတိုက်ပွဲကို ဖော်ဆောင်တာက ပအိုဝ်းလူမျိုးလည်းမဟုတ်တဲ့ ပအိုဝ်းအကျိုးစီးပွား အတွက် လည်းမဟုတ်တဲ့ ခရိုနီနေဝင်းထွန်းက သူ့ရဲ့အကျိုးစီးပွားအတွက် လုပ်ဆောင်လာတာပဲ ဖြစ် ပါတယ်။ သူတို့က ဒေသခံပြည်သူတွေကို လူသားဒိုင်းလုပ်ပြီး ထိုးစစ်ဆင်လာလို့ တိုက်ပွဲတွေ ဖြစ်ပွား ရတာဖြစ်ပါတယ်။” ဟု PNLA သတင်းနှင့်ပြန်ကြားရေး တာဝန်ရှိသူ ခွန်းရိန်းယံက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ဇန်နဝါရီလ ၁ ရက်နေ့ တိုက်ပွဲအတွင်း စစ်ကော်မရှင်နှင့်လက်အောက်ခံ PNO ပြည်သူ့စစ်များ၏ လူသားဒိုင်းကာအဖြစ် အသုံးပြုခံရသော မောက်မယ်မြို့နယ်၊ ဟိုနမ့်ကျေးရွာအုပ်စု နောင်မီရဲ့ရွာမှ ခွန်အောင်နှင့်ခွန်ဝင်းတို့ကို ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်-PNLA က ကယ်တင်နိုင်ခဲ့ ကြောင်း၊ ၎င်းတို့နှစ်ဦးမှာ ရှေ့ဆုံးမှ လူသားဒိုင်းကာအဖြစ် အသုံးပြုခံထားရပြီး နောက်ပြန်ဆုတ်၍ မရသောကြောင့် PNLA တပ်ဖွဲ့ဝင်များ ရှိရာဘက်သို့ ထွက်ပြေးလာရာက လွတ်မြောက်လာခြင်းဖြစ် ကြောင်း သိရသည်။
“လူသားဒိုင်းအလုပ်ခံရတဲ့ ပြည်သူ ၂ ဦးကို ကျနော်တို့ ကယ်ထုတ်နိုင်တာကတော့ ဇန်နဝါရီလ ၁ ရက် နေ့တိုက်ပွဲမှာ ကယ်ထုတ်နိုင်ခဲ့တာဖြစ်ပါတယ်။ ပအိုဝ်းမဟုတ်တဲ့ ခရိုနီနေဝင်းထွန်းရဲ့အကျိုး အတွက် ပအိုဝ်းပြည်သူတွေ အသက်တွေက စတေးခံနေရတဲ့ အနေအထားမှာဖြစ်ပါတယ်။ ပြီးတော့ ပြည်သူ တွေကို ဒီလိုမျိုးတိုက်ပွဲတွေထဲမှာ လူသားဒိုင်းအနေနဲ့ အသုံး ပြုတာကို ကျနော်တို့က ပြင်းပြင်းထန် ထန် ကန့်ကွက်ရှုတ်ချပါတယ်။” ဟု PNLA သတင်းနှင့်ပြန်ကြားရေး တာဝန်ရှိသူ ခွန်းရိန်းယံက ပြော ဆိုသည်။
စစ်ကော်မရှင်တပ်နှင့် PNO ပြည်သူ့စစ်များက ဒေသနေ ပြည်သူများကို ဖမ်းဆီးပြီး ထမင်းဟင်းချက် ခိုင်းခြင်း၊ ပစ္စည်းများ သယ်ခိုင်းခြင်းတို့ လုပ်ဆောင်နေသည့်အပြင် တနေ့လျှင် ပြည်သူ ၃ ဦး နှုန်းဖြင့် စစ်မြေပြင်၏ရှေ့ဆုံးမှ သွားခိုင်းကာ လူသားဒိုင်းကာအဖြစ် အသုံးပြုနေကြောင်း သိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar




