23 C
Yangon

နွားထိုးကြီးမြို့နယ် ညောင်ပင်သာကျေးရွာတွင် တပ်စွဲထားသော စစ်တပ်ကို တိုက်ခိုက်မှု စစ်သားများ သေဆုံးမှု များပြားခဲံ့ပြီး လက်နက်ခဲယမ်းနှင့်စစ်အသုံးအဆောင်ပစ္စည်းများ ရရှိ

Must read

ရန်ကုန်၊ ဇန်နဝါရီ ၉

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ် ညောင်ပင်သာကျေးရွာတွင် တပ်စွဲထားသော အကြမ်းဖက် စစ်တပ်ကို ဝင်ရောက်တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု များပြားခဲ့ပြီး လက်နက် ခဲယမ်းနှင့် စစ်အသုံးအဆောင်ပစ္စည်းများ သိမ်းဆည်းရရှိခဲ့ကြောင်း မြင်းခြံခရိုင်အမှတ် ၁ တပ်ရင်း မှ ကိုဝမ်းတူးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

ဇန်နဝါရီလ ၂ ရက်နေ့ မွန်းလွဲ ၃နာရီ ၃၀မိနစ်ခန့်အချိန် နွားထိုးကြီးမြို့နယ် ညောင်ပင်သာကျေးရွာတွင် တပ်စွဲထားသော အကြမ်းဖက် စစ်တပ်များကို မြင်းခြံခရိုင်အမှတ် ၁ တပ်ရင်းနှင့်အတူ မဟာမိတ်ပူးပေါင်းတပ်ရင်း တပ်ဖွဲ့များက ပြောက်ကျားစနစ်ဖြင့် ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများရှိသော်လည်း အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိကြောင်း၊ တော်လှန်ရေးတပ်များ၏ တိုက်ခိုက်မှုကို စစ်တပ်က ခုခံနိုင်ခြင်းမရှိဘဲ ထွက် ပြေးသွားခဲ့ကြောင်း၊ ညောင်ပင်သာရွာအတါင်းသို့ ဝင်ရောက်နယ်မြေရှင်းလင်းရေးလုပ်ခဲ့ရာ အကြမ်းဖက် စစ်တပ်ထံမှ လက်နက်ခဲယမ်းနှင့် စစ်အသုံးအဆောင်ပစ္စည်းများသိမ်းဆည်းရရှိခဲ့ကြောင်းသိရှိရသည်။

“စစ်ခွေး သေစာရင်း မသိရပါဘူး။ အလစ်အငိုက်ဝင်တိုက်တော့ စစ်သားတွေ ပြေးကြတာ ။ စစ်ခွေးအင်အား ၃၀ လောက်ရှိတယ်။ စစ်ခွေးဘက်ကတော့ ထိခိုက်သေဆုံးမှု များမယ်။ လက်နက်ခဲယမ်းတွေ လည်းသိမ်းဆည်းရမိခဲ့ပါတယ်။ စစ်ကောင်စီတပ်နဲ့ ဝေးဝေးမှာနေဖို့ အချိန်မရွေး နေရာမရွေး တိုက်ခိုက်မှု ရှိလာနိုင်တာမို့ အထူးဂရုစိုက် ပေးကြဖို့ ပြောချင်ပါတယ်”ဟု မြင်းခြံခရိုင်အမှတ် ၁ တပ်ရင်း မှ ကိုဝမ်းတူးက ပြောဆိုသည်။

အဆိုပါတိုက်ခိုက်မှုကို မြင်းခြံခရိုင် အမှတ် ၁ တပ်ရင်း ၊ မြင်းခြံခရိုင် အမှတ် ၂ တပ်ရင်း ၊ မြင်းခြံခရိုင် အမှတ် ၄ တပ်ရင်း ၊ မြင်းခြံခရိုင် အမှတ် ၁၀ တပ်ရင်း ၊ မြင်းခြံခရိုင် အမှတ် ၉၉၂၄ တပ်ဖွဲ့ နှင့် မြင်းခြံခရိုင် ပ.က.ဖ တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်းသိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article