24 C
Yangon

ဖြူးမြို့နယ်တွင် တော်လှန်ရေးတပ်များ၏ သတင်းစုံစမ်းထောက်လှမ်းနေသော စစ်တပ် ဒေါက်တိုင် ထွန်းဝင်း ပစ်ခတ်ခံရပြီး သေဆုံး

Must read

ရန်ကုန်၊ ဇန်နဝါရီလ ၉

ပဲခူးတိုင်း၊ ဖြူးမြို့နယ်တွင် တော်လှန်ရေးအဖွဲ့များ၏ သတင်းစုံစမ်းထောက်လှမ်းနေသော အကြမ်းဖက် စစ်တပ်၏ ဒေါက်တိုင် ထွန်းဝင်း ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း Phyu Township People’s Defense Organization – ဖြူးမြို့နယ် ပကဖ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၆ ရက်နေ့ မွန်းလွဲ ၃နာရီ ၁၅မိနစ်ခန့်အချိန် ဖြူးမြို့နယ် ညောင်ပင်သာမြို့၊ဇေယျာသီရိ ၉ လမ်းတွင် နေထိုင်သော အကြမ်းဖက် စစ်တပ်၏ဒေါက်တိုင် ထွန်းဝင်းကို ညောင်ပင်သာမြို့ မြောက်ဘက် သီရိဝေ ဘီယာဆိုင်တွင် ဘီ‌ယာသောက်နေစဉ် ဖြူးမြို့နယ် ပကဖက ဝင်ရောက်ပစ်ခတ်ခဲ့ကြောင်း၊ ထွန်းဝင်းမှာ ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း သိရှိရသည်။

စစ်တပ် ဒေါက်တိုင် ထွန်းဝင်းမှာ ၂၀၂၁ ခုနှစ်တော်လှန်ရေးစတင်ချိန် အကြမ်းဖက်စစ်တပ် နှင့်ပူးပေါင်း၍ သစ်မှောင်ခိုလုပ်ငန်းကို လုပ်ကိုင်ရင်း ပဲခူးရိုးမရှိ တော်လှန်ရေးအဖွဲ့များ သတင်းကို စုံစမ်းနေသဖြင့် ဝင်ရောက် ရှင်းလင်းခဲ့ရာ ကျည်မထွက်သဖြင့် လွတ်မြောက်ခဲ့ကြောင်း၊ ယခု ဒုတိယအကြိမ် ရှင်းလင်းမှုတွင်မူ သေဆုံးခဲ့ကြောင်း ၊ ထွန်းဝင်းမှာ အပြစ်မဲ့ ပြည်သူများကို အတင်းအဓမ္မပေါ်တာဆွဲခြင်း၊ငွေတောင်းခံခြင်းနှင့် သစ်မှောင်ခိုလုပ်ငန်းများကို လုပ်ဆောင်နေကြောင်း သိရှိရသည်။

“ဖြူးမြို့နယ် ညောင်ပင်သာမြို့ ဇေယျာသီရိ ၉လမ်းမှာ နေထိုင်တဲ့ စစ်ခွေး ဒေါက်တိုင် ထွန်းဝင်းကို ရှင်းလင်းနိုင်ခဲ့ပါတယ်။ ခွေးစခန်းနဲ့ခွေးဂိတ်အကြား ဘီယာဆိုင်ထဲမှာမို့ တစ်ချက်ပဲပစ်ပြီး ပြန်ခွာခဲ့ရတာပါ။ သူကလူကြားထဲမှာ အစဖျောက်ပြီး ပြေးတာပါ။ ထွန်းဝင်းက ဆေးရုံရောက်မှ သေဆုံးသွားတာလား။”ဟု Phyu Township People’s Defense Organization – ဖြူးမြို့နယ် ပကဖ မှ တာဝန်ရှိသူကပြောဆိုသည်။

စစ်တပ်၏ ဒေါက်တိုင် ထွန်းဝင်းမှာ အကြမ်းဖက် စစ်တပ်က ကျင်းပမည့် အတုအယောင် ရွေး ကောက်ပွဲကို အားပေးဝန်းရံနေသူဖြစ်ကြောင်း၊ ပြည်သူများကို ဒုက္ခပေးနေသော စစ်တပ်နှင့် သစ္စာဖောက်များကို ဆက်လက်ရှင်းလင်းသွားမည် ဖြစ်ကြောင်း တော်လှန်ရေးတပ်က သတိပေးပြောဆိုထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article