ရန်ကုန်၊ ဇန်နဝါရီ ၉
ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်၊ ရန်ကုန်-မန္တလေးလမ်းဟောင်းဘေးရှိ တောကျွဲအင်းမြို့ကို တော်လှန်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်ပြီး စစ်တပ်ဘက်မှ သေဆုံးမှုများပြားကြောင်း ဒေသပြည်သူများနှင့်ပြည်သူ့ကာကွယ်ရေးတပ်မတော် သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတငးဌာနထံသို့ ပြောဆိုသည်။
ယနေ့ ဇန်နဝါရီလ ၉ ရက်နေ့ နံနက် ၃ နာရီဝန်းကျင်အချိန်မှစတင်၍ တောကျွဲအင်းမြို့ကို တော်လှန်ရေးတပ်များက ဝင်ရောက်ခိုက်သိမ်းပိုက်ခဲ့ပြီး စစ်စခန်းများကို ရရှိခဲ့ကြောင်း၊ တိုက်ပွဲ ပြင်းထန်လွန်းသဖြင့် စစ်တပ်က လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်နေကြောင်း သိရှိရသည်။
“မြို့ကို ခေတ္တ ထိန်းချုပ်ပြီး ဆောင်ရွက်စရာရှိတာဆောင်ရွက်တာပါ။ မကြာခင် သတင်းထုတ်ပြန်ပါမယ် ။ လောလောဆယ်အထိတော့ မြို့ကို ထိန်းထားဆဲပါ” ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော်မှ တော်လှန်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။
လတ်တလော တောကျွဲအင်းမြို့သို့ သွားရော ရန်ကုန်-မန္တလေး လမ်းဟောင်းနှင့် မြို့နေရာများတွင် စစ်သား အလောင်းများရှိနေပြီး ပြန့်ကျဲနေကြောင်း ၊ ပြည်သူများလည်း ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။
“တောကျွဲအင်းမှာ စစ်သားအလောင်းတွေ လမ်းပေါ်တင်ရှိနေတယ်။ အသေအပျောက်များတယ်။ ပြည်သူတွေလည်းထွက်ပြေးနေရတယ်။ ဆေးရုံတွေလည်းဆရာဝန်ကအစမရှိကြတော့ဘူး။ အကုန်ပြေးကုန်ပြီ။ စစ်သားအလောင်းတွေ အသေတွေများလို့ ဘယ်သူမှ လာမကောက်ရသေးဘူး။ လမ်းဘေးမှာတင်ပုံနေတာ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
လက်ရှိတွင် စစ်တပ်က တောကျွဲအင်းမြို့ကို လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်နေသည့်အပြင် စစ်ကူတပ်များ စေလွှတ်ရန် ကြိုးစားနေကြောင်း၊ တော်လှန်ရေးတပ်များက စစ်ကူလာမည့် နေရာများကို ဖြတ်တောက်ပိတ်ဆို့ တိုက်ခိုက်နေကြောင်း သိရှိရသည်။
ဓာတပုံ – ရန်ကုန်-မန္တလေးလမ်းဟောင်းတွင် လုံခြုံရေးယူခဲ့သော တော်လှန်ရေးတပ်များ။ (ပုံအဟောင်းဖြစ်ပါသည်။)
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar




