စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်တွင် စစ်ကား ၁ စီးကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း မြောင်မြို့နယ်T.G.R ပြည်သူ့ကာကွယ်ရေးတပ် မှ ဗိုလ်တိုက်ဂါးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။
ယနေ့ ဇန်နဝါရီလ ၈ ရက်နေ့ နံနက် ၆ နာရီခန့်အချိန် မြင်းမူမြို့နယ် မြောင်လမ်းခွဲ၌ အထိုင်ချ တပ်စွဲထားသော စစ်တပ်ဂိတ်မှ ထွက်လာသော စစ်ကား ၁ စီးကို တော်လှန်ရေးတပ်ဖွဲ့များက အလ္လကပ္ပရွာအနီးတွင် မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း၊ ထိုတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ၂ ဦးသေဆုံးကာ ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။
“စစ်ခွေး အင်အားက ၂၀ လောက်ရှိတယ်။ စစ်ခွေးသေစာရင်က ခန့်မှန်းခြေ ၂ကောင်သေတယ်။ ၃ ကောင် ထိခိုက်ဒဏ်ရာရတယ်။ မိုင်းဆွဲတိုက်ခိုက်ခဲ့တာက ၄ ပွိုင့် ၊ ၃ ပွိုင့်ကွဲတယ်။ ပြည်သူတွေအနေနဲ့ စစ်ခွေးတွေနဲ့ ဝေးနိုင်သလောက် ဝေးဝေးနေဖို့ ပြောချင်ပါတယ်” ဟု မြောင်မြို့နယ် T.G.R ပြည်သူ့ကာကွယ်ရေးတပ်မှ ဗိုလ်တိုက်ဂါးက ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို T.G.R ပြည်သူ့ကာကွယ်ရေးတပ် ၊ မြင်းမူမြို့နယ် ပကဖ ၊ အလ္လကပ္ပ တိုက်နယ်ပကဖ ၊ အမုန်းဗျင်းမဲ့ Drone Teams ၊ မြောင်မြို့ မ တိုက်နယ်ပကဖ ကိုဝေလင်း ၊ မြောင်မြို့ ဖိုက်တာ ပြည်သူ့ကာကွယ်ရေးဖွဲ့ တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။
အလားတူ မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်တွင် စစ်ကား ၂ စီးကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်သားများ ထိခိုက်မှုရှိကြောင်း Special Task Force Ngazun မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဇန်နဝါရီလ ၇ ရက်နေ့တွင် ငါန်းဇွန်မြို့နယ် မြို့သာလမ်းမကြီးပေါ်တွင် တော်လှန်ရေးတပ်ဖွဲ့များက လမ်းပိုင်း စစ်ဆေးနေချိန် စစ်ကား ၂ စီးရောက်ရှိလာသောကြောင့် မိုင်းဆွဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ ထိုတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှာ စစ်သား ၈ ဦး ထိခိုက်ဒဏ်ရာရှိကာ သေဆုံးသူရှိမရှိကို အတည်ပြုနိုင်ခြင်းမရှိသေးဘဲ ဒဏ်ရာရစစ်သားများကို မြို့သာဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။
“တော်လှန်ရေး တပ်ဖွဲ့တွေ လမ်းပိုင်း စစ်ဆေးတဲ့နားကို လာတဲ့ စစ်ခွေးကား ၂ စီးကို မိုင်းဆွဲ တိုက်ခိုက်ခဲ့တာ စစ်ခွေး အင်အားက ၇၀ ကျော် ၀န်းကျင်လောက်တော့ရှိမယ်ထင်တယ်။ စစ်ခွေးတွေဘက်က သေဆုံးမှု မသိရသေးဘူး။ ဒဏ်ရာရတာကတော့ ၈ ယောက်လောက်ရှိတယ် “ဟု Special Task Force Ngazun မှ တာဝန်ရှိသူက ပြောဆိုသည်။
ထို့ပြင် စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ သံသည်ရွာကို စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်တပ်ကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း ပြည့်သူ့ကာကွယ်ရေးအဖွဲ့ – ရေဦးမြို့နယ်က ထုတ်ပြန်ထားသည်။
ယနေ့ ဇန်နဝါရီလ ၉ ရက်နေ့ နံနက် ၇ နာရီခန့်တွင် ရေဦးမြို့နယ် မြောက်ပိုင်းသို့ စစ်ကြောင်းထိုးရန် ထွက်လာသော အင်အား ၇၀ ခန့်ပါ အကြမ်းဖက် စစ်တပ်ကို နွားပေါင်ရွာအနီးတွင် ရေဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(လက်ရုံးတပ်)က မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း၊ ထိုတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှထိခိုက်သေဆုံးမှု ရှိ၊မရှိကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရသည်။
ဓာတ်ပုံ – အကြမ်းဖက်စစ်တပ်၏ စစ်ယာဉ်တန်းတစ်ခု။ (ပုံအဟောင်းကို အသုံးပြုထားပါသည်။)
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar




