22 C
Yangon

Khit Thit သတင်းဌာန၏ ဇန်နဝါရီ ၉ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဇန်နဝါရီ ၉ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

  • ပဲခူးတိုင်းက ညောင်ကျိုးတိုက်ပွဲမှာ အကြမ်းဖက် စစ်တပ်ဘက်က စကခ ၁၀ တပ်မမှူးအဆင့်ရှိတဲ့ ဗိုလ်မှူးကြီး ဟန်လင်းအောင် သေသွားပြီးတဲ့နာက် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးအဖြစ် သူရဇော်လွင်စိုးကို အရေးပါ် ကဗျာကယာ ခန့်အပ်လိုက်ပြန်တယ်လို့ နေပြည်တော် စစ်တပ်သတင်း ရင်းမြစ်က ပြောထားသလို ၊ CDM ဗိုလ်ကြီးဇင်ယော်ကလည်း ပြောထားပါတယ်။
  • ပဲခူးတိုင်းက နတ်တလင်း၊ ဇီးကုန်းနဲ့ မင်းလှမြို့နယ်မှာရှိတဲ့ အကြမ်းဖက် စစ်တပ် စခန်းတွေကို တော်လှန်ရေးတပ်တွေက မြို့နယ် ၃ ခုကို တပြိုင်နက်တည်း ဝင်ရောက် တိုက်ခိုက်မှုအတွင်း စစ်တပ် ဘက်က အယောက် ၄၀ ဝန်းကျင်ကတော့ အသီးသီးသေကုန်ကြပြီလို့ PDF ၃၈၀၁ တပ်ရင်း တာဝန်ရှိသူနဲ့ သာယာဝတီ ဂဠုန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ တာဝန်ရှိသူတွေက ရန်ကုန်ခေတ်သစ်ကို အသီးသီး ပြောထားကြပါတယ်။
  • ချင်းပြည်နယ်၊ တီးတိန်မြို့နယ်က ကနေဒီတောင်ပေါ်မှာ တပ်စွဲထားတဲ့ အကြမ်းဖက် စစ်တပ်စခန်းကို ချင်းတော်လှန်ရေးတပ်တွေက ဒုတိယအကြိမ် ပြန်လည်တိုက်ခိုက် သိမ်း ပိုက်လိုက်ရာမှာ စစ်တပ်ဘက်က ၁၀ ဦးကတော့ အသီးသီး‌သေကုန်ကြတဲ့အပြင် ၊ နောက်ထပ် ဗိုလ်မှူး ကျော်သူထိုက် အပါအဝင် စစ်သား အယောက် ၂၀ ကျော်ကိုပါ တော်လှန်ရေးတပ်တွေက အရှင်ဖမ်းဆီးရမိထားတယ်လို့ PDF Zoland ရဲ့ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
  • အာဏာရှင် အီရန်နိုင်ငံမှာ ပြည်ပရောက် အီရန်အိမ်ရှေ့မင်းသားရဲ့ တိုက်တွန်းချက်ကြောင့် အီရန် မြို့တော်မှာ ဆန္ဒပြပွဲတွေ အရှိန်မြင့်လာပြီး တစ်နိုင်ငံလုံး အင်တာနက် ဖြတ်တောက်ခံထားရတဲ့ သတင်းအပါအဝင် နေ့လယ်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article